🍁🍁🍁
တမိုးအောက်မှာ မနှစ်သက်တဲ့သူတွေနဲ့အတူရှိနေရတာလဲ စိတ်ဒုက္ခတစ်မျိုးဆိုတာ သိပ်မှန်တယ်။ ဒါကြောင့်လဲ မချစ်မနှစ်သက်သောသူဆိုတာ ရန်သူမျိုးငါးပါးထဲ ပါနေတာ။ နွေးနွေးမျက်နှာမြင်ရရင် နှလုံးနာလွန်းလို့ duty နားချိန်နားနေဆောင်ကို ရှေ့ဆင့်နောက်ဆင့်လမ်းလျှောက်လာနေတုန်း အခန်းထဲမှ တဒုန်းဒုန်းနဲ့ အော်ဟစ်နေတဲ့အသံတွေကြောင့် ပြေးဝင်သွားတဲ့အခါ ကြမ်းပြင်ထက် ပြန့်ကျဲနေတဲ့ စာရွက်စာတမ်းများနှင့် ဝတ္ထုပစ္စည်းအပိုင်းအစတွေ။
ပီးတော့ နံရံထက် လက်သီးတို့နှင့် အဆက်မပြတ်ထိုးသွင်းနေတဲ့ ရှိုင်း!"အဲ့မှာ သေလိုက်တော့ လရောင်ရှိုင်း! မင်းသေလိုက်တော့! ဒုန်း ဒုန်း ဒုန်း"
"ရှိုင်း ! ရှိုင်း ဘာဖြစ်တာလဲ နင်! တော်တော့ သွေးတွေထွက်ကုန်ပီ ရှိုင်း ရှိုင်း "
"တောက် ! ဟာကွာ"
"ဟဲ့ ရှိုင်း ! ဘယ်သွားမလို့လဲ ရှိုင်း လရောင်ရှိုင်း"
နံရံထက်က သွေးစို့နေတဲ့ လက်သီးဆုပ်တို့ကို ဖမ်းဆွဲတားထားတဲ့ ခြူးခြူးအား အမှုမဲ့အမှတ်မဲ့ဆောင့်တွန်းပစ်ကာ ပြေးထွက်သွားတဲ့ ခြေလှမ်းကျဲတွေက ဘယ်ကိုများ ဦးတည်သွားတာလဲ။ ဒါက ဘာတွေဖြစ်ကုန်တာလဲ။
"ဒုက္ခပါဘဲ"
ဟွန်း! အဲ့မှာ ငါရေးပေးလိုက်တဲ့ ဇာတ်ညွှန်းကို နင်တို့တွေ နိုင်အောင်သာ ကလိုက်ကြတော့ လရောင်ရှိုင်း! အချစ်ကြီးရင် အငြိုးကြီးတတ်တာက ရာဇဝင်ထဲက သုဘဒ္ဒါ ဘဲရှိတာမဟုတ်ဘူး ဆိုတာ နင်သိအောင်ငါ ဒီဇာတ်ကိုခင်းပေးလိုက်တာ။
>>>>>>>>
"ဒေါက်တာ ဝင်လို့မရပါဘူး ! ဥက္ကဌနဲ့ကြိုတင်ချိန်းဆိုထားခြင်းမရှိဘဲ ဝင်လို့မရပါဘူးရှင့်"
"ဒေါက်တာ ဒေါက်တာ !
"ဒုန်း"
"ဒေါက်တာ မရပါဘူးရှင့်! ဒေါက်တာ"
သူဆွဲ ကိုယ်တွန်းနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အခြေနေကို မှန်ပြတင်းပေါက်နား မတ်တတ်ရပ်နေတဲ့ မင်းအတ္တမောင် က မိန်းကလေးအား ခေါင်းတစ်ချက်ငြိမ့်ပြရင်း ဖြိုခွင်းပစ်၏။
ESTÁS LEYENDO
"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}
Romanceနေခြည်ထွေးပွေ့ပေးမှ ပွင့်ရမဲ့ပန်းတွေအများကြီးရှိတယ်မောင် အဲ့ဒီထဲကမှ ကိုယ်က နေကြာပန်း၊ နေခြည်ရှိတဲ့ဘက်ကို အမြဲ ဦးညွှတ်ခစားနေမဲ့ နေကြာပန်း🍁 🍁Started on - July 2022🍁 🍁Ending - November 2022🍁