part 11 🍁

5.6K 221 4
                                    

🍁🍁🍁

(⚠️ ဤအပိုင်းတွင် အရေးသားများ ညစ်ညမ်းစွာ ရေးသားထားသည်ကြောင့် အသက်ပြည့်ပီးမှသာ ဖတ်ရန်)

"အင့် ! အဂ္ဂ လွှတ်ပါအုံး ၊ ငါ့လက်တွေအရမ်းနာနေပီ !

ယောကျာ်းလေးတွေ ယစ်မူးစရာလေးများ ဝမ်းထဲဝင်သွားရင် ဒီလို စိတ်ထင်ရာသောင်းကျန်းတတ်ကြသည်လား။ယခု အဂ္ဂလဲ မောင် ဘာပြောပြောဂရုမစိုက်တော့ဘဲ အပေါ်ထပ်သာ အတင်းဆွဲခေါ်နေတော့သည်။ မောင် ရုန်းလေ ပိုဆောင့်ဆွဲလေကြောင့် အသားတွေသာပိုနာကျင်ရသည်။

" ဒုန်း"

" အင့် ! အွင့် အွင်း အွင်း ! ငါ့ကိုလွှတ် အဂ္ဂ ! မင်းမင်း ရူးနေလား"

အခန်းထဲရောက်သည်နှင့် တံခါးကို ဆောင့်ပိတ်ကာ လော့ပါတစ်ခါထဲ ချပစ်သည်။ တစ်ဆက်တည်း ပိတ်ထားတဲ့ တံခါးမှာ မောင့်ခန္ဓာကိုယ်ကို ဆောင့်တွန်းပီး အဂ္ဂက သူ့နှုတ်ခမ်းတွေနဲ့ တရကြမ်းနမ်းနေတာကြောင့် အဂ္ဂရင်ဘက်ကို လက်တို့နှင့်တွန်းထုတ်ကာ တားဆီးရတော့သည်။

"အွင်း ! မလုပ်.....မလုပ်စမ်းနဲ့"

လက်ကောက်ဝတ်ကနေ တစ်ဖက်တစ်ချက် ဆုပ်ကိုင်ကာ တံခါးဆီ တွန်းကပ်ထားရင်း နှုတ်ခမ်းတို့အား စုပ်ယူကိုက်ဆွဲနေသည်မို့ မောင့်ခေါင်းတွေကို ဘယ်ညာတိမ်းကာ ရှောင်ဖယ်ရတော့သည်။အရက်နံ့နှင့် ရောပြွမ်းနေတဲ့ အဂ္ဂရဲ့ နှုတ်ခမ်းတို့ကို ရွံရှာလှသဖြင့် တတ်နိုင်သမျှသောအားနှင့် ရုန်းကန်တွန်းထိုးတဲ့အခါ တိမ်းတဲ့ဘက်လိုက်ကာ နမ်းပြန်၏။

"အဂ္ဂ! ငါတောင်းပန်ပါတယ် ၊ ငါ့ကို ဒီလိုတွေမလုပ်ပါနဲ့"

မျက်ရည်လေးဝဲဝဲဖြင့် တုန်ရီနေသော နှုတ်ခမ်းတို့ကို မြင်တော့ မောင့်ကိုဆုပ်ကိုင်ထားတဲ့ ကျွန်တော်၏လက်တွေ အားနဲနဲ လျော့သွားရကာ .....

"မောင် ဘာလို့လဲ! ဘာလို့ငြင်းဆန်နေတာလဲ"

"အဂ္ဂ! ငါ့ကို ဒီလိုကြီး မဆက်ဆံပါနဲ့ကွာ နော်၊ ငါ့ကိုသနားပါအုံး ငါတကယ်တောင်းပန်ပါတယ်! ငါပြန်ပါရစေနော်"

" မောင်ပြော ကိုယ့်အပေါ်ဘယ်လိုသဘောထားလဲ ၊ မောင့်စိတ်ရင်းအမှန်ကို သိချင်တယ်"

"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}Where stories live. Discover now