part 32 🍁

4.6K 213 16
                                    

🍁🍁🍁

ဟိုတစ်ရံ ဒီတစ်ရံကျွတ်ကျကျန်ခဲ့တဲ့ ဖိနပ်လေးတွေကို မမဒေစီက လိုက်ကောက်ယူခဲ့ကာ ပစ်စလက်ခတ်လဲကျနေတဲ့ ရှိုင်း ဆီပြေးသွားတော့ သံဂျေးကိုက်နေတဲ့ သံတစ်ချောင်းဟာ ရှိုင်း ခြေဖဝါးပြင်သို့ အလုံးစုံနစ်ဝင်နေလေသည်။သွေးချင်းချင်းနီရဲနေပေမဲ့ နာကျင်ဟန်မရှိသည့်အနေအထားဟာ ပြင်ပဒဏ်ရာထက် အတွင်းဒဏ်ရာကပိုနာနေလို့ဖြစ်မှာ။

"အား...... မောင် !
ပြန်လာခဲ့ပါကွာ မောင်ဘဲ ကိုယ့်လက်ကို မလွှတ်ဘူးဆိုကွ ဟမ်  ! ပြန်လာလို့.. ကိုယ်ပျက်စီးသွားတာမမြင်ချင်ပြန်လာပါကွာ  ...မောင့် "

ဖုန်အလိမ်းလိမ်းနှင့်မြေကြီးပေါ်က သဲမှုန်တို့ကို လက်နဲ့ဆုပ်ချေကာဆက်တိုက်ဆိုသလို မြေကြီးပေါ် လက်သီးတို့နှင့်ထိုးကာထိုးကာဖြင့် အော်ဟစ်ငိုကြွေးနေသည်မှာ ဒုတိယ ပဋာစာရီတစ်ယောက်ကို မြင်နေရသလိုပါဘဲ။အနီးဝန်းကျင်က လူတစ်ချို့ကလဲ ရိုးရာပျတ်မည်စိုး၍လား အကဲဖြတ်​ဝေဖန်ရေးကို အလုအယက်ဆွေးနွေးနေကြတော့သည် ။

"ရှိုင်းရယ် ! တော်ပါတော့ဟာ နင်ပင်ပန်းလွန်းနေပါပီ"

"ခြူးခြူး ! မမဒေစီ ကျွန်တော့်ကို ကယ်ပါအုံးဗျာ ကူကြပါအုံး၊ မောင်က ကျွန်တော့်ကို ထားခဲ့ပီဗျ ၊ထားခဲ့ပီ..အား....ဟား..."

"ရှိုင်းရယ်"

မိမိလက်ကို ဆုပ်ကိုင်လိုက်၊ မမဒေစီလက်ကို သွေးရူးသွေးတန်းဆုပ်ကိုင်လိုက်ဖြင့် ကူပါကယ်ပါ တစာစာပြောနေတဲ့ ရှိုင်းကို ကိုယ်ထိလက်ရောက်နှစ်သိမ့်ပေးနိုင်တာကလွဲလို့ ကျွန်မတို့နှစ်ယောက်လုံးဘာမှမတတ်နိုင်ခဲ့ပါဘူး။
ဒီမြင်ကွင်းဟာ မောင်မရှိရင် နင်ဘာဖြစ်မလဲဆိုတဲ့ ကျွန်မရဲ့မေးခွန်းတွေကို ရှိုင်းက အကောင်အထည်ဖော်ပြလိုက်သလိုပါဘဲ။
ဗုဒ္ဓနှင့်ဒီကမ္ဘာပေါ်မှာ ရှိရှိသမျှ နတ်ဘုရားတွေဆီကို ကျွန်မခြူးမေမောင် အသနားခံပါတယ်။ ရှိုင်းတို့အပါအဝင် ဖြူစင်စွာချစ်ကြတဲ့ ချစ်ခြင်းတွေမှာ ဒုတိယလူဆိုတာလဲမရှိသလို၊ငဲ့ကွက်စရာတစ်စုံတစ်ရာဟူ၍လဲ မရှိစေဘဲ ဇာတ်လမ်းအစကနေဇာတ်သိမ်းခန်းထိ ချစ်ခြင်းမေတ္တာတွေသာကွန့်မြူး သက်ဆုံးတိုင်ပေါင်းဖက်ရပါစေ။

"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}Where stories live. Discover now