🍁🍁🍁
ပြောရင်း ဒေါ်နန်းဧကရီဟာ ကိုယ်မှာခြုံထားတဲ့မာဖလာလေးရဲ့အောက်အနားစလေးနဲ့ စီးကျလာတဲ့မျက်ရည်စလေးတွေကို တို့သုတ်နေတော့၏။ တစ်ဆက်တည်း မောင်လိပ်ပြာမလုံခြုံမှုတွေဖြစ်ရကာ မျက်ရည်တို့သာ မျက်ဝန်းအိမ်ထက်ဝေ့သီရတော့သည်။
"ကံကြမ္မာဟာ တီနန်းတို့ကို သိပ်ရက်စက်တယ် ဒေါက်တာလေးရယ် ! အဂ္ဂလေးဆုံးပီးနောက်ပိုင်းအတ္တလေးဖေဖေလဲ သူအသုံးမကျလို့သားသေရတယ်ဆိုတဲ့စိတ်တွေနဲ့ဘဲ တစ်ချိန်က ဒေါက်တာလေးတို့ရဲ့ကျောင်းအုပ်ဆရာကြီး ဦးသီဟလဲ ကိုယ့်ကိုကိုယ် အပြစ်ရှိစိတ်တွေနဲ့ နေ့နေ့ညညအရက်စွဲလာခဲ့ပီး လေဖြတ်သွားခဲ့ရတာ။အတ္တလေးတို့ဘွားစီလဲ သားမတ်စိတ် မြေးစိတ်နဲ့ဘဲ ရောဂါတိုးပီး အိပ်ရာထဲလဲခဲ့ရရှာတယ်။ ကံကြမ္မာဟာ တီနန်းတို့မိသားစုကိုလုံးလုံးလျားလျားကိုမငဲ့ညှာခဲ့တာပါလေ။ ဦးသီဟရော မေမေ့ကိုပါ ရှေ့ဆင့်နောက်ဆင့်ကိုသေမင်းကတစ်ခါတည်းခေါ်သွားခဲ့တာ "
ဘုရားရေ ! ကြားလိုက်ရတဲ့စကားတွေကြောင့် မောင့်လက်ချောင်းတွေကျိုးကျေမတတ်အောင်ကို လက်သီးဆုပ်မိလိုက်ရသည် ။အမေ ! မောင် မောင်အမှတ်မထင်ပြောလိုက်တဲ့စကားတွေကြောင့်လူတစ်ယောက်သေသွားရတာတင်မကဘူး မိသားစုတစ်စုလုံးကိုပါအပြိုပြိုအကွဲကွဲဖြစ်စေခဲ့တာဘဲ။အမေ !မောင်ဘယ်လိုလုပ်ရပါတော့မလဲ အမေရယ်။မောင်စကားပြောမဆင်ခြင်ခဲ့လို့သူများမိသားစုတွေသေကွဲကွဲခဲ့ရတာ၊ မောင်ဘယ်လိုအပြစ်ကြွေးတွေကျေအောင်လုပ်ရပါတော့မလဲ။
"နောက်တော့ သားငယ်ကလဲမြန်မာပြည်ကိုစွန့်ခွာပီးစိတ်ဒဏ်ရာတွေကို နှစ်ပေါင်းများစွာကြာအောင်ကုစားနေခဲ့တယ်! အရွယ်မရောက်သေးတဲ့သားငယ်ကိုပညာသင်လွှတ်တယ်လို့ဘဲသဘောထားပီး တီနန်းမှာစိတ်ဖြေခဲ့ရတာပေါ့ !ကျန်ရစ်ခဲ့တဲ့မေမေဒေါ်စိန်ရွှေစီရဲ့ဘိုးဘွားအမွေအနှစ်တွေကိုတော့ တီနန်းကဘဲထိန်းသိမ်းရင်း အထီးကျန်စွာ မြန်မာပြည်ကြီးမှာ သားငယ်ပြန်အလာကိုစောင့်နေခဲ့ရတော့တာပေါ့ကွယ်၊နှစ်ပေါင်းများစွာကြာအောင် နေ့နေ့ညညဟာ တီနန်းအဖို့ချောက်ချားစရာကောင်းလွန်းခဲ့ပါတယ် ဒေါက်တာလေးရယ်"
YOU ARE READING
"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}
Romanceနေခြည်ထွေးပွေ့ပေးမှ ပွင့်ရမဲ့ပန်းတွေအများကြီးရှိတယ်မောင် အဲ့ဒီထဲကမှ ကိုယ်က နေကြာပန်း၊ နေခြည်ရှိတဲ့ဘက်ကို အမြဲ ဦးညွှတ်ခစားနေမဲ့ နေကြာပန်း🍁 🍁Started on - July 2022🍁 🍁Ending - November 2022🍁