🍁🍁🍁
"ဟား ဟား ဟား"
"အဲ့တုန်းကဆိုလေ ရှိုင်းက မမခြူးခိုင်းသမျှအကုန်လုပ်တာ ပါဆို ! ငပေါကြီး "
"ကိုလရောင်ရှိုင်းရဲ့ အဲ့လို အူတူတူ အတတပုံစံလေးကို ကျွန်တော်လဲ မြင်ဖူးချင်လိုက်တာ"
"ကဲ ဆရာမ ! ဒီမှာ စားလဲစား ဖြည်းဖြည်းသာသာလဲပြော သူများအကြောင်းကို !"
ကောင်းချီးမင်္ဂလာစကားတွေနဲ့အတူ နယ်ကပြန်လာပီး နယ်မုန့်တွေ မျိုးစုံနေအောင် အမေနဲ့ တီပိုကထည့်ပေးလိုက်တာမို့ duty ဆင်းပီး အိမ်မပြန်ကြဘဲ ကျွန်တော့်အိမ်လေးကို သောင်တင်နေတဲ့ ခြူးခြူးမက ခိုင်ခန့်စေနဲ့ မမဒေစီကို လူစုံရင်စုံသလို ကျွန်တော့်အကြောင်းကိုဆိုဖောက်သည်ချပီး ဟားကြစမြဲ။
" စာထဲမှာလေဆိုလေ...."မောင့် နှုတ်ခမ်းလေးတွေကို ချစ်တယ်" "မောင့် အပြုံးလေးကိုချစ်တယ်" "မောင့် နှုတ်ခမ်းပေါ်က စိမ်းဖန့်ဖန့်မွှေးညှင်းပေါက်လေးတွေကိုချစ်တယ် "
"မောင့် လက်ချောင်းရှည်သွယ်သွယ်လေးတွေကို ချစ်တယ်"
အဲ့လို စာရွက်အရှည်ကြီးပေါ်မှာ တစ်နေ့တစ်ကြောင်းဘဲ ရေးတတ်တဲ့ ရည်းစားစာကိုဟယ်..! မောင့်ကို တစ်နေကုန် မယူမချင်း ဇွဲကောင်း......ကောင်းနဲ့ကိုလိုက်ပေးပါတယ်ဆို !ကျွန်တော့မျက်စောင်း ခြူးခြူးဆီ ဒိုင်းကနဲ့ရောက်တော့ အပီးသတ်စကားမှာ ထစ်ထစ်အအဖြစ်တယ်တဲ့လေ။
"ဘယ်လိုဆိုဆိုပါကွယ် ! ခြူးခြူး ရဲ့ ဗရုတ်ကျကျနည်းလေးတွေနဲ့ နောက်ဆုံးတော့ နှစ်ယောက်ညားကြရတော့မှာဆိုတော့ မမဒေစီတော့ သိပ်ဝမ်းသာတာဘဲ "
ဒီလိုနဲ့ ခြူးခြူး ဆွဲခေါ်သွားတဲ့ အတိတ်မှတ်တမ်းတွေဆီက ကျွန်တော်မောင့်ကို စာလိုက်ပေးတုန်းကအချိန်တွေကို ပြန်ပုံဖော်မိခြင်းနဲ့အတူ မြင်ကွင်းရှေ့က မောင့်မျက်နှာလေးကိုကြည့်မိတော့ အတွေးနယ်ကျွံနေသလို၊ ဒါက မောင်ရော အဲ့နေ့လေးကို ပြန်တွေးမိနေတာလား။
ဘာလို့ မောင့်စိတ်တွေလေးပင်နေရတာလဲ၊ဟိုနေ့က မောင်ဘာအမှားမှမလုပ်မိလောက်ပါဘူးနော်။
ဝိုင်တစ်ခွက်ကို အမှုမဲ့အမှတ်မဲ့ သောက်ချလိုက်မိကာ အတ္တရဲ့ အိပ်ခန်းထဲမှာ ဘယ်ချိန်အိပ်ပျော်လို့ပျော်သွားလဲမသိ။ နိုးလာတော့ အရာအားလုံးက ပုံမှန်အနေအထားနဲ့ ဆိုပေမဲ့ မောင့်စိတ်တွေ လေးပင်နေသလို ဘာလို့ခံစားနေရတာလဲ။အလုပ်ဘဲပင်ပန်းလို့ နွမ်းရိနေတာကြောင့်လား ဟူး.....မသိတော့ဘူး !
YOU ARE READING
"မျဉ်းပြိုင်တို့၏အဆုံး" 🍁{Completed}
Romanceနေခြည်ထွေးပွေ့ပေးမှ ပွင့်ရမဲ့ပန်းတွေအများကြီးရှိတယ်မောင် အဲ့ဒီထဲကမှ ကိုယ်က နေကြာပန်း၊ နေခြည်ရှိတဲ့ဘက်ကို အမြဲ ဦးညွှတ်ခစားနေမဲ့ နေကြာပန်း🍁 🍁Started on - July 2022🍁 🍁Ending - November 2022🍁