အခန်း ၆
“သားငယ် မေမေ နားကြားမှားတာတော့ မဟုတ်ပါဘူးနော် သားငယ်ပဲ အဲ့မိန်းကလေးရှေ့မှာ ပြောခဲ့ပြီး”
“မေမေကလဲ ဗျာ သူမရှေ့မှာ ကျွန်တော်က ကိုယ်မင်းရဲ့ အရည်ချင်းတွေကို ယုံကြည်ပါတယ်ဆိုပြီး ပေါ်တင်ပြောလို့ ဖြစ်ပါ့မလား သူမက မိန်းကလေး ယုံကြည်မှု လွန်ကဲနေလို့ မရဘူးလေ အဲ့ဒါကြောင့်ပါ မေမေလဲ သူမကို ယုံကြည်တယ် မဟုတ်လား...”
“မေမေလည်း ယုံကြည်တယ် သား... နောက်ပြီး အဲ့မိန်းကလေးက သွက်သွက်လက်လက် ရှိမဲ့ပုံလေး”
“ သွက်သွက်ရှိတဲ့ ပုံကတော့ ပြောမနေနဲ့ ရှပ်ပျာရှပ်ပျာ ဖြစ်နေမှာ ကျွန်တော် မြင်ယောင်နေတယ်...”
“ သားငယ် အဲ့မိန်းကလေး အကြောင်းကို တော်တော်လေး စုံစမ်းထားတာလား တကယ်ပဲ သားငယ် မမ ပြောသလို သားငယ်က... ”
“အစည်းဝေးချိန် ရောက်ပြီ မေမေ”
စကားမပြီးဆုံးသေး သူမ ရှေ့မှ ထွက်သွားသော သားဖြစ်သူ စက် နောက်သို့ သူမ လိုက်ခဲ့သည်။ အစည်းဝေး ခန်းထဲရောက်တော့ လူစုံနေပြီ ဖြစ်သည်။
“ အားလုံး မင်္ဂလာပါဗျ ကျွန်တော်က ဒီကုမ္ပဏီ ပိုင်ရှင် စက်ကွင်းပါ အစည်းဝေးလုပ်ရခြင်း အကြောင်းကတော့ ကျွန်တော်တို့ ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ထိပ်တန်းစာရင်းဝင် ကုမ္ပဏီတစ်ခု ဖြစ်လာပြီမလို့ ကုမ္ပဏီကို အရင်ကထပ် ပိုတိုးတက်အောင် လုပ်ဖို့လိုအပ်ပါတယ် ၀န်ထမ်းအသစ်တွေလည်း ခေါ်မယ် model သရုပ်ဆောင် အသစ်တွေကိုလည်း ခေါ်မယ် နောက်ဆုံး ပြောချင်တာကတော့ အလုပ်ကို အချိန်တိကျစွာ လုပ်ဖို့ပါပဲ လုပ်အားခကိုလည်း အရင်ကထပ် နှစ်ဆ ပိုပေးမယ် ကန့်ကွက်စရာ ရှိလား”
စက် တိကျစွာ ပြောနေသောကြောင့် မည်သူမျှ ခေါင်မထောင်ဝံ့ကြ။
“ ကန့်ကွက်စရာ ရှိလားဗျ...”
စက် ဒုတိယအကြိမ် မေးသည်။ မည်သူ့ထံမှ တုန့်ပြန်သံ မကြားရ။
“အန်ကယ် ... ပန်းပုပ္ပါး မလာသေးဘူးလား နွေရဲ့ အစီစဉ် ပျက်သွားလို့ မရဘူးနော် အန်ကယ့် သမီးရဲ့ အရည်ချင်းကို ဒီနေရာမှာ ပြတာ အကောင်းဆုံးပဲ ”
YOU ARE READING
♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡
Randomကလေး မရနိုင်တော့တဲ့ မိန်းမတစ်ယောက်ကို လက်ထပ် ပေါင်းသင်းမိလိုက်တဲ့ သူ့ရဲ့ အမှားကို သိသွားချိန် စက်ကွင်း ဖခင်ရဲ့ မိုက်မဲမှုတွေကြောင့် သိန်းတစ်ထောင်နဲ့သူမကို သူ့တစ်ပါးလက်ထဲ ထိုးအပ်လိုက်သော အခါ ပန်းပုပ္ပါး ယောင်းမရဲ့ ချစ်သူနဲ့ မတည့်တဲ့ အချိန်တွေကြားမှာ...