Unicode part 15

91 0 0
                                    

အခန်း ၁၅

“သမီးပန်းလေး ခုနက ဘယ်သူလဲ”

“သူဠေးလေးပါ ဖေဖေ ဒီမှာလေ နံနက်စာ လာပို့သွားတာ ဖေဖေရဲ့ သူဠေးက အရမ်းသဘောကောင်းတာပဲ ဖေဖေ့ကိုလည်း ဆေးရုံစရိတ် ရှင်းပေးတယ် အခု စားစရာတွေ လာပို့သွားတယ် သူ ပန်းတို့အပေါ်မှာ စေတနာတွေ များနေပြီ”

“အဲ့စေတနာတွေကို တန်ဖိုးထားတက်ရမယ်နော် ကဲ ဖေဖေ ဗိုက်ဆာနေပြီ ပြင်လိုက်တော့”

“ နှစ်မိနစ်... ”

        ပန်း တစ်ဖက်သို့ လှည့်သွားတယ်ဆို သူမ၏ ဖေဖေ ပြုံးလိုက်မိသည်။

“ စက်... စောစောစီးစီး ဘယ်ကိုသွားတာလည်း တစ်ခါမှ စောစော အပြင်မထွက်ဖူးပါဘူး”

“ မင်းရဲ့ မေးခွန်းကို ဖြေမဲ့ အဖြေ ငါ့မှာ မရှိဘူး မိုးသောက် ရှိခဲ့ရင်လဲ  မင်းနဲ့ မသက်ဆိုင်တဲ့ အဖြေမို့ ငါ ဖြေမှာ မဟုတ်ဘူး”

“ OKပါ မိုးသောက်လည်း ရှင့်ရဲ့ အဖြေကို မကြားချင်ပါဘူး အပြင်သွားလိုက်အုန်းမယ်”

     မိုးသောက် လက်ပြကာ ထွက်သွားတယ်ဆို စက်လည်း သူ၏ အခန်းထဲသို့ ၀င်ခဲ့သည်။ မိုးသောက် ကားနှင့်ခြံအပြင်သို့ ရောက်တယ်ဆို မိန်းမကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။

“ တူမကြီး ဒါ သူဠေးလေး စက်ကွင်းရဲ့ အိမ်လား... အဒေါ်က သူ့ဝန်ထမ်းရဲ့ အမေပါ ဒီက သခင်မကြီး ဒေါ်သစ္စာနဲ့ တွေ့ချင်လို့ပါ...”

“ အင်း... အိမ်ထဲမှာရှိတယ် ဒါမှမဟုတ် ခဏနေရင် အလုပ်သမားတွေ ထွက်လာလိမ့်မယ် အဲ့ကျမှ အိမ်ထဲဝင်လိုက်ပါ”

      မိုးသောက် ထိုသို့ပြောကာ ကားကို တစ်ဖန် မောင်းထွက်လာခဲ့သည်။

“ အန်တီ ဘယ်သူနဲ့ တွေ့ချင်လို့လဲ”

“ သခင်မကြီး ဒေါ်သစ္စာနဲ့ တွေ့ ချင်လို့ပါ တွေ့ခွင့်ရမလား တူမလေး”

“ဪ... ဟုတ် ကျွန်မ သွားခေါ်ပေးပါ့မယ် အပြင်မှာ ခဏ စောင့်ပေးနော်”

“ အင်း... အင်း... ”

       အလုပ်သမားမလေး အိမ်ထဲသို့ ၀င်ခဲ့သည်။

“သခင်မကြီး အပြင်မှာ သခင်မကြီးနဲ့တွေ့ချင်တဲ့ မိန်းမကြီးတစ်ယောက် ရောက်နေပါတယ်”

♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡Where stories live. Discover now