အခန်း ၁၈
“သမီးပန်းလေး... သားငယ် ဘာပြောလိုက်တာလည်း၊ သားငယ် အမှားပြောလိုက်ရင် တောင်းပန်ပါတယ်ကွယ်”
“အန်တီ ဦးစက်ကွင်းကို သားငယ်လို့ ခေါ်တာ တစ်မျိုးကြီးပဲနော်၊ ဦးစက်ကွင်းက အသက်လည်း တော်တော် ကြီးနေပြီ၊ ဒါကြောင့် သားလို့ ပြောင်းခေါ်လိုက်ပါလား...”
™ အေးပါကွယ်... အေးပါကွယ်... ™
ဒေါ်သစ္စာ ခေါင်းတညိမ့်ညိမ့် လုပ်လိုက်သလို နွေလည်း ရယ်မိသည်။
ဘုရားဖူးပြီးနောက်“မေမေတို့ taxiငှားပြီး ပြန်လိုက်နော်၊ သား ပုပ္ပါးကို လိုက်ပို့ပေးလိုက်အုန်းမယ်”
“ပန်း... Taxiငှားပြီး ပြန်ပါ့မယ်၊ ဦးစက်ကွင်း အန်တီတို့ကို လိုက်ပို့လိုက်ပါ”
“ပန်းပုပ္ပါး မင်းက တော်တော် လျှာရှည်တာပဲ၊ လိုက်ပို့မယ်ဆို လိုက်ပို့မယ်ပေါ့ ဘာတွေ အထွန့်တက်နေတာလဲ၊ ဧကန်န မင်း အကောင်နဲ့သွားတွေ့မလို့လား...”
“ ကိုကိုက ပြန်သွားပြီလေ၊ ပန်းက ဘယ်လိုလုပ် သွားတွေ့လို့ရမှာလဲ၊ လူကို တစ်ဖက်သတ်ကြီး မစွပ်စွဲပါနဲ့”
“ဒီနှစ်ယောက် တော်ကြတော့ ရန်ဖြစ်မနေကြနဲ့၊ သမီးလေးပန်း အန်တီတို့ ပြန်တော့မယ် သားငယ်ကို ပြောမရရင် ထိပ်ထုသတ်လိုက်၊ အန်တီ စိတ်မဆိုးဘူး ကြားလား... ”
“စိတ်ချပါ။ အန်တီ”
ပန်း ခေါင်းညိမ့်ပြလိုက်တယ်ဆို ဒေါ်သစ္စာနှင့် နွေလည်း ထွက်သွားသည်။
“မင်းက ငါ့ကို ထိပ်ထုသတ်မယ်ဟုတ်လား...၊ မင်းကို ငါကအရင် ကားထဲမှာ လည်ပင်း ညှစ်သတ်ထားလိုက်မယ် ဘယ်သူမှ မသိတော့ဘူး”
“ ခင်ဗျားက တော်တော် လျှာရှည်တာပဲ၊ ဆေးရုံပို့မှာလား... မပို့ဘူးလား....၊ ဒါမှမဟုတ် ကွကိုယ် မောင်းရမှာလား...”
“ လာ သွားမယ်... ”
စက် ပန်းရဲ့ လက်ကို ဆွဲလာလိုက်ကာ ကားထဲသို့ပါ ထည့်ပေးလိုက်သည်။ စက် ကားထဲဝင်တော့ ပန်း သူမရဲ့ လက်ကောက်ဝတ်လေးကို ပွတ်နေတာ တွေ့လိုက်ရသည်။
YOU ARE READING
♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡
Randomကလေး မရနိုင်တော့တဲ့ မိန်းမတစ်ယောက်ကို လက်ထပ် ပေါင်းသင်းမိလိုက်တဲ့ သူ့ရဲ့ အမှားကို သိသွားချိန် စက်ကွင်း ဖခင်ရဲ့ မိုက်မဲမှုတွေကြောင့် သိန်းတစ်ထောင်နဲ့သူမကို သူ့တစ်ပါးလက်ထဲ ထိုးအပ်လိုက်သော အခါ ပန်းပုပ္ပါး ယောင်းမရဲ့ ချစ်သူနဲ့ မတည့်တဲ့ အချိန်တွေကြားမှာ...