Unicode Part 1

466 4 0
                                    

♡ ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡

အခန်း ၁

        အလွန် ခမ်းနားကြီးကျယ်သော အိမ်ကြီးတစ်အိမ်ထဲသို့ အနီရောင် ကားတစ်စီး ၀င်ရောက်လာလေသည်။ ထို အိမ်ကြီးသည် အပြင်ကကြည့်တာတောင် ဒီလောက်ကြီးနေရင် အထဲမှာဆို ဘယ်လောက် ကြီးပြီး ဘယ်လောက် ကျယ်လိုက်မည်လဲ။ ဘေးပတ်ဝန်းကျင်ကလဲ သိချင်မိမှာအမှန်ပင်။

        ထိုအိမ်ထဲမှ အနီရောင် ကားတစ်စီးနှင့်အနက်ရောင် ကားတစ်စီးကတော့ ပုံမှန်ဝင်ထွက်နေကျ။ ထိုကားတွေထဲတွင် မိုးပြာရောင် ကားလေးသည် မနက်ခြောက်နာရီမှ ထွက်သွားလျှင် ညကိုးနာရီမှသာ ထိုအိမ်ကြီးသို့ ပြန်ရောက်လာတက်သည်။
          ထို အိမ်ကြီးထဲတွင် အလုပ်သမား ငါးယောက် ခြောက်ယောက်ခန့်ရှိသည်။ ထိုအလုပ်သမားတွေသည် နံနက်လေးနာရီဆို အိပ်ရာမှထ၍ ကိုယ့်တာဝန် ကိုယ်ယူကြရသည်။ တစ်နေ့ကိုတစ်နေရာ လူ အလှဲအလှယ်လုပ်ရသည်။ သို့ကြောင့် ထို အလုပ်သမားတွေသည် အိမ်မှုကိစ္စအပါအ၀င် ခြံသန့်ရှင်းရေးနှင့်အိမ်သန့်ရှင်းရေးကိုပါ
လုပ်ကိုင်တက်သူများ ဖြစ်ကြရမည်။

         ထို အနီရောင် ကားလေးထဲမှ မိန်းကလေးတစ်ယောက် ဆင်းလာလေသည်။သူမသည် အပေါ်ယံတွင် အင်္ကျီအဖြူရောင် အသားကပ်နှင့်အောက်တွင် ဂျင်းစကပ်ကိုဝတ်ဆင်ထားသည်။

         ထိုမိန်းကလေး အိမ်ထဲသို့ ၀င်လိုက်တယ်ဆို ဧည့်ခန်းတွင် သူမကို အဆင့်သင့် ထိုင်စောင့်နေသော မိန်းမအိုကြီး တစ်ယောက်ရှိနေလေသည်။ ထိုမိန်းမအိုကြီး၏ အသက်မှာ ခြောက်ဆယ်နီးပါးလောက် ရှိသည်။

“မင်း ဘယ်ကပြန်လာတာလဲ မိုးသောက် ဒါ အိမ်ရှင်မတစ်ယောက်ရဲ့ တာဝန်ကျေမှုလား ဒါမှမဟုတ် အိမ်ရှင်မ တစ်ယောက်က ကိုယ့် လင်သားအတွက် မချက်မပြုတ်ပဲ အပြင်မှာ ကားတစ်စီးနဲ့ အလည်လိုက်နေရမဲ့ အချိန်လား ဘယ်မှာလဲ မင်းရဲ့ တိတိကျကျ  အလုပ်”

“အို မေမေ ရှင့် မိုးသောက်ကို ဘယ်လိုပြောလိုက်တာလဲ မိုးသောက်နဲ့မေမေရဲ့သား စက်ကွင်းတို့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို  ထူထောင်နိုင်ဖို့အတွက် မိုးသောက်လည်း တိတိကျကျ အလုပ်ရှာနေတာပဲ  ဒါပေမယ့် စိန်ပွဲစားအလုပ်ကို မစွန့်လွှတ်နိုင်ဘူး ဖြစ်နေတယ် မေမေ”

♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡Where stories live. Discover now