အခန်း ၅
“ ဖေဖေ...ကျွန်တော် ဘာလုပ်မိလို့လဲ”
ပိုင်ပိုင်ရဲ့ အမေးကြောင့် ဦးလူတင်ရဲ့ မျက်နှာမှာ တင်းမာလျှက်။ သူ့ကို သတ်တော့မည် အလားအလာ ရှိနေသည်။
“ပိုင်ပိုင် မင်းနော်မင်း ငါ့သား ဖြစ်နေလို့ မင်းမှာ အသိစိတ် မရှိဘူးလား ဟမ် ငါတို့မှာ စားစရာမရှိလို့ မင်းကို အလုပ် လုပ်ခိုင်းတာလေ မင်းကို အလုပ် လုပ်ခိုင်းမှပဲ အိမ်မှာရှိတဲ့ စည်းစိမ်းတွေ ပြုတ်တော့မယ် ဘယ်မှာလဲ မင်း လုပ်အားကရတဲ့ ပိုက်ဆံတွေ...မင်းမှာ လုပ်အားခ မရှိပဲနဲ့ ဘယ်ပိုက်ဆံနဲ့ မင်းကို မိန်းမ လိုက်တောင်းပေးရမှာလဲ”
အဟွန်း.....
ပိုင်ပိုင် နှုတ်ခမ်း တစ်ချက် တွန့်လိုက်ပြီး။
“ကျွန်တော် မိန်းမတောင်းဖို့ ငွေပမာဏက ဖေဖေ ကစားတဲ့ လောင်းကစားလောက်. ငွေပမာဏ မများပါဘူး ဖေဖေ”
ပိုင်ပိုင်ရဲ့ စကားကြောင့် အကုန်လုံးရဲ့ အကြည့်တွေ ဦးလူတင်ဆီသို့ ရောက်သွားသည်။
“ ပိုင်ပိုင် မင်းဖေဖေကို မင်း ဘယ်လိုတွေ လျှောက်ပြောနေတာလဲ အိမ်က မိသားစု ထမင်းစားဖို့အတွက် ပိုက်ဆံရှာနေတာလေ ဘယ်လိုလုပ် လောင်းကစား လုပ်နိုင်မှာလဲ”
ထိုသို့ ပြောလိုက်သူက ဒေါ်ဟေမာန်။
“ မေမေမှ မသိတာ မေမေတို့ သုံးနေတဲ့ ပိုက်ဆံတွေက ဖေဖေ လောင်းကစားက ရလာတဲ့ ပိုက်ဆံတွေလေ.. .ဖေဖေ အိမ်ကို အချိန်မှန် ပြန်လာဖူးလား မေမေတို့ သုံးဖို့အတွက်ပါဆိုပြီး လစာထုတ်တာနဲ့ ပိုက်ဆံတွေ အကုန်အပ်ဖူးလား... ညအချိန်မတော် ဘယ်ကပြန်လာလဲ မေမေ တစ်ခွန်း မေးဖူးလို့လား... မေမေ မမေးဘူးလေ ဘာလို့လဲဆိုတော့ မေမေက ဖေဖေ့ကို အရမ်းချစ်တာကို ကျွန်တော် အခု အိမ်ကို ပြန်လာတယ်ဆိုတာ ကျွန်တော့်အမှား ကျွန်တော်သိလို့ ပြန်လာတာပါ အဲ့ဒီအတွက်လည်း မေမေနဲ့ ညီမလေးတို့ကို တောင်းပန်ပါတယ်”
ပိုင်ပိုင် ပြောတာမှန်ပါသည်။ ပိုင်ပိုင် သူ လုပ်ရက်တွေကို တွေးတော၍ အမှားကို ပြန်ပြင်ရန် အိမ်သို့ ပြန်လာခဲ့ပေမယ့် ဖေဖေ့လက်သီးက ဆီးကြိုနေခဲ့သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ လုပ်ရက်ကို ပြန်ပြင်နိုင်လိမ့်မည်ဟု သူ ထင်သည်။

YOU ARE READING
♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡
Acakကလေး မရနိုင်တော့တဲ့ မိန်းမတစ်ယောက်ကို လက်ထပ် ပေါင်းသင်းမိလိုက်တဲ့ သူ့ရဲ့ အမှားကို သိသွားချိန် စက်ကွင်း ဖခင်ရဲ့ မိုက်မဲမှုတွေကြောင့် သိန်းတစ်ထောင်နဲ့သူမကို သူ့တစ်ပါးလက်ထဲ ထိုးအပ်လိုက်သော အခါ ပန်းပုပ္ပါး ယောင်းမရဲ့ ချစ်သူနဲ့ မတည့်တဲ့ အချိန်တွေကြားမှာ...