အခန်း ၁၉
“ သခင်မကြီး သခင်မကြီး...၊ အပြင်မှာ မမလေး မိုးသောက် ရောက်နေပါတယ်၊ သခင်လေးနဲ့ တွေ့ခွင့်တောင်းနေပါတယ်။”
“ မတွေ့ပေးနိုင်ဘူးလို့ ပြောလိုက်”
“ သား တွေ့ချင်တယ် မေမေ”
အပေါ်မှဆင်းလာသော စက်။
“သား သဘောပဲလေ၊ အိမ်ရှေ့မှာပဲ တွေ့ပါ။ အခြားနေရာ မတွေ့ရဘူး”
“ကျေးဇူးတင်ပါတယ် မေမေ”
စက် မိုးသောက် ရှိရာသို့ ထွက်လာခဲ့သည်။ မိုးသောက် စက်ကို မြင်လိုက်တော့ သူမရဲ့ မျက်နှာလေး ပြုံးသွားသည်။
“ စက် မိုးသောက်ကို ထွက်တွေ့တယ်နော်၊ စက် မိုးသောက်ကို ထပ်မတွေ့လောက်ဘူး ထင်နေတာ”
“အခု... ငါရောက်လာပြီလေ၊ မင်းဘာပြောမလို့လဲ၊ မင်းနဲ့ ပြောဖို့ ငါ့မှာ အချိန်မရှိဘူး၊ ပြောစရာရှိတာ မြန်မြန်ပြောပါ။ ကြာရင် မေမေ အနောက်က လိုက်လာလိမ့်မယ်”
“ စက်မေမေကို စက်က အရမ်းကြောက်တာပဲ၊ မိုးသောက်အထင် စက်နဲ့မိုးသောက်နဲ့က ကွာရှင်းရသေးတာ မဟုတ်ပါဘူး၊ ဘာလို့ စက်မေမေကို ဒီလောက်ကြောက်နေရတာလဲ”
“မိုးသောက်... ငါ မေမေ့ကို ကြောက်တာမဟုတ်ဘူး လေးစားတာ၊ မေမေက ငါ့အတွက်တော့ ကမ္ဘာကြီးတစ်ခုပဲ၊ ဘယ်သူမှမရှိရင်နေ ငါ့ဘေးမှာ မေမေရှိရင် အဆင်ပြေတယ်။ အရင်ကလည်း ငါတဇွတ်ထိုး လုပ်ခဲ့လို့ ဒီလို အခြေနေတွေထိ ရောက်လာတာ၊ မင်း ငါနဲ့ စကားပြောချင်ရင် အိမ်မှာ ညစာစားပွဲရှိတယ်။ မင်း လာခဲ့၊ ဪ ပြောစရာကျန်သေးတယ်။ မနက်ဖြန် သဘက်ခါဆို ပုပ္ပါးနဲ့ ငါ လက်ထပ်တော့မယ်”
“ ၀မ်းသာစရာ သတင်းပဲ၊ စက် အရမ်းပျော်နေမှာပေါ့၊ Congratulations ပါ မိုးသောက်ချစ်ရတဲ့ စက်ကွင်း”
“မင်း ငါ့ကို ဂုဏ်ပြုစရာ မလိုပါဘူး၊ မင်းသာ ငါ့ကို တကယ်ချစ်ရင် ဒီလိုတွေ ဖြစ်လာစရာ အကြောင်းမရှိဘူး၊ မင်းလုပ်လို့ ဒီလိုတွေ ဖြစ်လာတာ၊ နောက်ဆုံး မင်းလိုချင်တာတွေ ရသွားတော့ ငါ့ကို တစ်ယောက်တည်း ထားခဲ့တယ်။ မင်း မတရားဘူး မိုးသောက်”
YOU ARE READING
♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡
Randomကလေး မရနိုင်တော့တဲ့ မိန်းမတစ်ယောက်ကို လက်ထပ် ပေါင်းသင်းမိလိုက်တဲ့ သူ့ရဲ့ အမှားကို သိသွားချိန် စက်ကွင်း ဖခင်ရဲ့ မိုက်မဲမှုတွေကြောင့် သိန်းတစ်ထောင်နဲ့သူမကို သူ့တစ်ပါးလက်ထဲ ထိုးအပ်လိုက်သော အခါ ပန်းပုပ္ပါး ယောင်းမရဲ့ ချစ်သူနဲ့ မတည့်တဲ့ အချိန်တွေကြားမှာ...