Unicode Part 27

109 0 0
                                    

အခန်း ၂၇

“ဦး အလုပ်သွားမှာလား...၊ ပန်းလည်း လိုက်ခဲ့မယ်လေ၊ လက်ထပ်ပွဲပုံတွေလည်း ၀င်ရွေးရင်းပေါ့”

“ မင်း လိုက်ချင်ရင် လိုက်ခဲ့လေ၊ ပုံတွေကိုတော့ taxiငှားပြီး သွားယူလိုက်ပေါ့ ပုပ္ပါး”

“လမ်းကြုံနေတာပဲ၊ တစ်ခါတည်း လိုက်ပို့ပေးလို့ မရဘူးလား... ”

“ဦး အလုပ် မအားဘူး ပုပ္ပါး၊ မင်း လိုက်ချင်ရင်လိုက်ခဲ့၊ မလိုက်ချင်ရင်လည်း နေခဲ့”

“ပန်း အခုမှ သတိရတယ်။ ခေါင်းအုံးတွေ လဲရအုန်းမယ်၊ ပန်း မလိုက်တော့ပါဘူး၊ ဦးပဲ သွားလိုက်ပါတော့”

“ ဒါဆို  ဦး သွားတော့မယ်”

       စက် ပန်းကို နမ်းဖို့ ကြံလိုက်ပေမဲ့ ပန်း ခြေလှမ်း နောက်ဆုတ်သွားသည်။

“ ဦး စိတ်မပါရင် ပန်းကို
မနမ်းပါနဲ့၊ အလုပ်မှာလည်း စိတ်ညစ်စရာတွေ တွေးမနေနဲ့နော်၊ နေ့လည်ကျ အိမ်မှာ ထမင်းပြန်စားပါ။ ပန်း... စောင့်နေမယ်နော်”

       စက် ခေါင်းညိမ့်ပြကာ ထွက်သွားသည်။ ပန်း စက်ရဲ့ ကျောပြင်ကို ကြည့်ကာ ၀မ်းနည်းရပြန်သည်။ စက် ပန်းကို စကား သေသေချာချာ မပြောသေး။ မနေ့ည အိမ်ကို ပြန်ရောက်ကတည်းကပေါ့။

ဒေါက်..... ဒေါက်.....

         ပန်း ခေါင်းအုံးစွပ်တွေ စောင်တွေ လဲနေစဉ် တံခါး ခေါက်သံကြောင့် အခန်း တံခါးဖွင့်ကြည့်လိုက်တော့ နွေ ဖြစ်နေသည်။ ပန်း နွေ့ကို ပြေးဖက်လိုက်သည်။

“ပန်းလေး ဘာဖြစ်လို့ ငိုနေရတာလည်းကွယ်၊ မမကို ပြော ပန်းလေးကို မောင်လေး ဘာလုပ်လို့လဲ”

“ ဟင့်... ဟင့်...ဦးက ပန်းကို ဘာမှ မလုပ်ပါဘူး၊ ဒါပေမယ့် ပန်းတို့ မနေ့ညကလေ အပြင်က ပြန်ရောက်ကတည်းက ပန်းကို စကားကောင်းကောင်း မပြောတော့တာ ယခုအချိန်ထိပဲ၊ ပန်း အရမ်းဝမ်းနည်းတယ်”

“ မငိုပါနဲ့ ပန်းလေးရယ်၊ မမ မောင်လေးကို ပြောလိုက်ပါ့မယ်၊ ၀မ်းလည်း ၀မ်းနည်းမနေနဲ့”

“ မမ ပန်းကို ဦး... မမုန်းသွားလောက်ပါဘူးနော်၊ ဦးက မအားလို့ နေမှာပါ”

♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡Where stories live. Discover now