အခန်း ၂၉
"သား အခုမှ တောင်းပန်နေတော့လည်း ဘာထူးတော့မှာလဲကွဲ့၊ မှားခဲ့ပြီးတာတွေက မှားခဲ့ပြီးပြီ၊ အဲ့အမှားကို ပြင်နိုင်အောင် သား ကြိုးစားပါ။ သမီးပန်းလေးကို အတုယူပါ။ သမီးပန်းလေးကြောင့်သာ မေမေတို့ ဒီလို အခြေနေမျိုး ရောက်လာရတာ"
"သား သိပါတယ် မေမေ၊ ပန်းလေးကြောင့် ကျွန်တော် နောက်ဆုတ်လိုက်လို့ ဒီလို ဖြစ်လာတာပါ။ ကျွန်တော့်ကြောင့်နဲ့ ပန်းလေးကိုရော မေမေတို့ကိုရော စိတ်မညစ်စေချင်ဘူး၊ သား ဒီညပဲ အလုပ်သွားတော့မယ်၊ အငယ်မလေးကို စောင့်ရှောက်ပေးပါ။ ကျွန်တော် ပြန်လာရင် သူလိုချင်တဲ့ အရာမှန်သမျှကို ၀ယ်ပေးမယ်လို့ ပြောပေးပါ မေမေ"
ပိုင်ပိုင် သူ၏ မေမေကို ကန်တော့ကာ ထွက်သွားလေသည်။
"သား...၊ မေမေတို့ကို မထားသွားရဘူးလေ၊ သား ဘာတွေပဲ လုပ်ခဲ့ လုပ်ခဲ့၊ မေမေတို့ ခွင့်လွှတ်ပါတယ်ကွယ်"
ဒေါ်ဟေမာန် ရင်ထုမနာ ငိုကြွေးနေပေမဲ့ ပိုင်ပိုင်ကတော့ ပြန်လှည့်မလာခဲ့ ။ ခြံထဲမှာ ထွက်သွားလေပြီ။
"မေမေ ဘာလို့ ငိုနေရတာလဲ၊ အစ်ကိုကြီးပိုင်က သူ့အမှားတွေကို သူ ပြင်နိုင်ဖို့ ထွက်သွားတာပါ။ ပန်းတို့က ၀မ်းသာနေရမှာလေ"
"သမီးပန်းလေး သားပိုင်ပိုင်က မေမေတို့ဆီ ပြန်လာမှာမဟုတ်လား...၊ သားပိုင်ပိုင် ပြောသွားတဲ့ စကားတွေက မေမေ့ကို နှုတ်ဆက်စကားပြောသွားသလိုပဲ၊ မေမေ စိတ်ထဲမှာ ခုနေတယ်"
"မေမေ ထင်လို့ပါ။ အစ်ကိုကြီးပိုင်ကလေ ပန်းတို့ဆီကို လူကောင်းတစ်ယောက်အဖြစ် ပန်းတို့ဆီကို ပြန်လာမှာပါ မေမေ၊ ထ ပန်းတို့ အိမ်ထဲဝင်ရအောင်နော်၊ တော်ကြာ မေမေ့ကို ဖေဖေ စိတ်ပူနေအုန်းမယ်"
ပန်း သူမ၏ မေမေကို အိမ်ထဲသို့ ခေါ်လာခဲ့သည်။ ပန်း ငိုချင်နေပေမဲ့လည်း သူမ ငိုလို့မဖြစ်။ အားတင်းကာ ပြုံးထားရသည်။
"မေမေ အိပ်လိုက်အုန်းနော်၊ ပန်း ဖေဖေ့ကို ခြံထဲ အပျင်းပြေ ခဏ ခေါ်သွားလိုက်အုန်းမယ်"
ပန်း သူမ၏ မေမေကို စောင်ခြုံပေးလိုက်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။ ထို့နောက် သူမ၏ ဖေဖေကို ခြံထဲသို့ ခေါ်လာခဲ့သည်။
YOU ARE READING
♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡
Randomကလေး မရနိုင်တော့တဲ့ မိန်းမတစ်ယောက်ကို လက်ထပ် ပေါင်းသင်းမိလိုက်တဲ့ သူ့ရဲ့ အမှားကို သိသွားချိန် စက်ကွင်း ဖခင်ရဲ့ မိုက်မဲမှုတွေကြောင့် သိန်းတစ်ထောင်နဲ့သူမကို သူ့တစ်ပါးလက်ထဲ ထိုးအပ်လိုက်သော အခါ ပန်းပုပ္ပါး ယောင်းမရဲ့ ချစ်သူနဲ့ မတည့်တဲ့ အချိန်တွေကြားမှာ...