အခန်း ၇
" ပန်းပုပ္ပါး..."
" ရှင်..."
ပန်း အိပ်ပျော်နေရာမှ သူမ နာမည်ကို ခေါ်သံကြားလိုက်သောကြောင့် ကယောင်ခြောက်ခြား ထူးလိုက်သည်။
" မင်းက လိမ္မာသားပဲ ထတော့လေ နေ့လည်စာ စားရအောင်"
" ဘယ်မှာ စားရမှာလည်း သူဌေး ကုမပဏီကို မပြန်ရဘူးလား"
" မင်း ထမင်းစားမယ် မဟုတ်လား ကားပေါ်ကဆင်းလေ ကားပေါ်က မဆင်းရင်တော့ မင်း ထမင်းစားရမှာ မဟုတ်ဘူး"
" ဟုတ်... "
ပန်း ကားပေါ်မှ ဆင်းလိုက်ကာ စက် အနောက်သို့ လိုက်သွားလိုက်သည်။ အလှဆင်ထားသော ဆိုင်းဘုတ်ကို ကြည့်လိုက်တော့ နွေမိုးစက် ဟူသော နာမည်ကို တွေ့လိုက်ရသည်။ ပန်းလည်း နာမည်ကို ဖတ်ပြီး စားသောက်ဆိုင်ထဲသို့ ၀င်လာခဲ့သည်။ စားသောက်ဆိုင်ထဲရှိ ကန်ရေပြင်ကြီးကို မြင်ရသော စာပွဲဝိုင်းပေါ်တွင် အစားသောက် စုံလင်စွာ နေရာယူထားလျှက် ထိုစာပွဲဝိုင်းတွေ စက်နှင့်အတူ နွေမိုးစက် ၊ သူမ၏ ဖေဖေ ဦးလူတင်လည်း ရှိနေသည်။
" လာ...သမီးပန်းလေး ထိုင်"
" ဟုတ်... "
ပန်း သူမ၏ ဖေဖေ ချပေးသော နေရာတွင် ၀င်ထိုင်လိုက်ကာ။
"ဟိုလေ ပန်း တစ်ခုလောက် မေးချင်လို့ပါ မမလေးနွေတို့က ဒီမှာ အမြဲတမ်း ထမင်းလာစားကြတာလား ဟင်... နောက်ပြီး အဲ့လို အမြဲတမ်း လာစားကြတော့ ဆိုင်က အမြတ်ရော ကျန်ကြရဲ့လား"
ပန်းရဲ့ အမေးကို ဖြေရန် နွေ လက်ထဲမှ ဇွန်းကို ချလိုက်ကာ ရေ တစ်ခွက် မော့သောက်လိုက်ပြီး။
" ပန်းလေးက ဘယ်လို မြင်လို့လဲ အိမ်မှာစားလည်း ဒီထမင်း ဆိုင်မှာစားလည်း ဒီထမင်းပဲလေ ပန်းလေးရဲ့"
"မတူဘူးလေ မမလေးနွေ ဆန်ဈေးက တူပေမယ့် ဟင်းဈေးကြတော့ ကွာတာပေါ့ အိမ်မှာနဲ့ ဆိုင်မှာနဲ့ကလဲ မတူဘူး အိမ်မှာက မေမေ့ရဲ့လက်ရာ စားရတယ် ဆိုင်မှာက စာဖိုးမှူးရဲ့လက်ရာ စားရတယ် လက်ရာချင်းက မတူဘူးလေ"
" သမီးပန်းလေး ထမင်းစားချိန်မှာ စကားမများရဘူးလေ ထမင်းစားပြီးမှပြော"
YOU ARE READING
♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡
عشوائيကလေး မရနိုင်တော့တဲ့ မိန်းမတစ်ယောက်ကို လက်ထပ် ပေါင်းသင်းမိလိုက်တဲ့ သူ့ရဲ့ အမှားကို သိသွားချိန် စက်ကွင်း ဖခင်ရဲ့ မိုက်မဲမှုတွေကြောင့် သိန်းတစ်ထောင်နဲ့သူမကို သူ့တစ်ပါးလက်ထဲ ထိုးအပ်လိုက်သော အခါ ပန်းပုပ္ပါး ယောင်းမရဲ့ ချစ်သူနဲ့ မတည့်တဲ့ အချိန်တွေကြားမှာ...