Unicode Part 20

141 1 0
                                    

အခန်း ၂၀

“သမီးပန်းလေး မေမေတို့ကို တစ်ခုခု မေးချင်နေတယ် မဟုတ်လား...”

      ပန်းလေး ဘေးကို ဝေ့၀ိုက်ကြည့်လိုက်ကာ သူမ မေမေရဲ့ ရှေ့ကို တိုးသွားလိုက်ပြီး ။

“ မေမေတို့က  ဘာလို့ ဒီကို ရောက်နေတာလည်း ဟင်၊ သူများ အိမ်မှာ လာနေတာ အားနာစရာကြီး၊ ထ ပန်းတို့ အိမ်ကို ပြန်ရအောင်”

“သမီးပန်းလေး မေမေပြောတာ သေချာနားထောင်၊ သမီးဖေဖေ ဘာကြောင့် ဆေးရုံတက်ရလည်းဆိုတာ သမီးပန်းလေး သိတယ်နော်၊ ဒါကြောင့် သမီးပန်းလေးရဲ့ သူဠေးလေးက သမီးဖေဖေ အန္တရာယ်ကင်းအောင်၊ မေမေတို့ကို ခေါ်ထားတာ၊ အဲ့ဒါကြောင့် အိမ်ပြန်လို့မရဘူး”

“မေမေတို့ ဒီမှာနေတာတော့ ထားပါတော့၊ ပန်းတို့ မောင်နှမသုံးယောက်ကပါ ဒီမှာ နေရမှာလား...၊ ပန်းတို့မှာ အိမ်ရှိသေးတယ် မေမေ”

“မေမေတို့ရော သမီးပန်းလေးရဲ့ ညီမလေးနဲ့ အစ်ကိုရော၊ ဒီအိမ်ကြီးရဲ့ဘေးမှာ အိမ်လေးရှိသေးတယ်။ အဲ့မှာ သမီး ဖေဖေ ကျန်းမာရေး ပြန်ကောင်းတဲ့ အချိန်ထိ နေရမှာပေါ့”

“ ပန်းကရော ဘယ်မှာနေရမှာလဲ မေမေ”

“ သမီးပန်းလေးက ဒီအိမ်မှာ နေရမှာပေါ့၊ သမီးပန်းလေးက ဒီအိမ်ကြီးရဲ့ ပိုင်ရှင်နဲ့ လက်ထပ်ရတော့မယ်လေ”

“လက်မထပ်ခင် မေမေတို့နဲ့ နေမှာပေါ့၊ လက်ထပ်ဖို့က လိုသေးတာကို”

“မလိုတော့ဘူး သမီလေး ပန်းရဲ့၊ မနက်ဖြန် သဘက်ခါဆို  သားငယ်နဲ့ လက်ထပ်ရတော့မယ်လေ၊ သမီးပန်းလေးက အန်တီရဲ့  ချွေးမဖြစ်သွားပြီ၊ မနက်ဖြန် သမီးပန်းလေး ၀တ်ဆင်ဖို့အတွက် သမီးရဲ့ မမနွေ ပြင်ဆင်ထားပေးလိမ့်မယ်၊ လက်ထပ်ဖို့ ၀တ်စုံကတော့ သမီးစိတ်ကြိုက် ဆိုင်မှာ သွားရွေးပေါ့”

        ပန်း ဆက်ပြောစရာ စကားမရှိ။ အခုချိန် ပန်း ရေချိုးချင်နေတာ အမှန်။

“ မမနွေ... ပန်း အရမ်းပူနေလို့ ရေချိုးချင်နေပြီ၊.ရေ ဘယ်မှာ ချိုးရမှာလဲ ဟင်”

“လာ လာ၊ မမရဲ့.အခန်းထဲမှာချိုး”

        နွေ ပန်းကို သူမရဲ့ အခန်းထဲသို့ ခေါ်ခဲ့သည်။

♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡Where stories live. Discover now