Unicode Part 28

126 0 0
                                    

အခန်း ၂၈

၀ူး........ ကျွီ.....

         မင်းမြတ် နွေ့ကို မျက်တောင်မခပ်ကြည့်နေမိသည်။ နွေ သူ့ကို ခေါ်လာတဲ့ နေရာက သူမရဲ့ အိမ် မဟုတ်ပဲ သူမရဲ့ စားသောက်ဆိုင် ဖြစ်နေသောကြောင့်ပင်။

“ဆင်း ကားပေါ်က”

        မင်းမြတ် ပြုံးလိုက်ကာ။

“ခင်ဗျား ကျွန်တော့်ကို ဘာလုပ်မလို့လဲ၊ ပြန်ပေးဆွဲမလို့လား...၊ ကျွန်တော် မဆင်းဘူးနော်၊ ကျွန်တော် ခင်ဗျားနဲ့ မလိုက်ဘူး”

“မင်းကိုသာ ငါ ပြေးပေးဆွဲချင်ရင် ဒီလို လူများတဲ့ နေရာကို ခေါ်မလာဘူး၊ လူ မရှိတဲ့ နေရာကိုသာ ခေါ်သွားလိုက်မယ်”

“ဒါဆို အိမ်ကြီးကို မသွားပဲ၊ ဘာလို့ ဒီနေရာကို ခေါ်လာရတာလဲ”

“ မင်း ထမင်းစားမယ်ဆို အိမ်လိုက်စားလို့တော့ မရဘူး၊ အိမ်ကလည်း မင်းကို အမြဲတမ်း ကျွေးနိုင်မှာ မဟုတ်ဘူး၊ အဲဒါကြောင့် ငါ့ဆိုင်မှာ ထမင်းစား”

“အမြဲတမ်း စားလို့ ရတယ်ပေါ့၊ ကျွန်တော့်အထင် ဒီဆိုင်က စုံတွဲတွေ လာစားတဲ့ ဆိုင် ထင်နေတာ”

“မင်းမြတ်၊ မင်း... ပြောချင်တာတွေ လျှောက်ပြောမနေနဲ့၊ စုံတွဲတွေအတွက် ဖွင့်ထားတဲ့ စားသောက်ဆိုင်ရယ်လို့ မင်း မြင်ဖူးလား...၊ မင်း ကြားဖူးလား...၊ နောက်တစ်ခေါက် ထပ်ပြောရင် မင်းကိုငါ ဘာလုပ်မိမလဲ မသိဘူး၊ ဆင်း ကားပေါ်က အမြန်ဆင်း၊ အချိန်မရဘူး၊ ပြီးရင် ပန်းခြံကို သွားပြီး ၀န်ထမ်းတွေကို သွားကြည့်ပေးရအုန်းမယ်”

“ ကျွန်တော်ပါ လိုက်ရမှာလား...”

        မင်းမြတ် ကားပေါ်မှဆင်းရင်း မေးလိုက်သည်။ နွေ ပိုက်ဆံအိတ်ထဲမှ ဖုန်းထုတ်ကာ ဖုန်းဆက်ရင်း။

“ မင်း လိုက်ချင်ရင်လည်း လိုက်၊ မလိုက်ချင်ရင်လည်း မလိုက်နဲ့၊ ငါ အရေးတကြီး ပြောစရာရှိလို့၊ မင်း ဆိုင်ထဲဝင်ပြီး မှာချင်တာမှာလိုက်”

        မင်းမြတ် ခေါင်းညိမ့် ပြုံးပြကာ ဆိုင်ထဲသို့ ၀င်လာခဲ့လိုက်ပြီး နွေ ပြောသလို မှာချင်တာ မှာထားလိုက်ပြီး ထမင်းကို ပလုတ်ပလောင်း စားနေလိုက်သည်။ နွေ့ကိုလည်း ကြည့်ကာ ပြုံးနေမိသည်။

♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡Where stories live. Discover now