Chapter[24]

91 3 0
                                    

အခန်း ၂၄

“တကယ်ပေါ့၊ စက်ကွင်းဆိုတဲ့ ကိုယ်က၊ ပေးထားတဲ့ ကတိကို မဖြတ်တက်ဘူးလေ”

“ကတိဆိုတာ အတိုင်းအတာ တစ်ခုထိပဲ ပေးနိုင်တာပါ။ အဲ့ဒီအတိုင်းအတာကို ကျော်သွားရင်တော့၊ ကတိဆိုတာ မရှိတော့ဘူး၊ လွယ်လွယ်နဲ့ ပြတ်သွားနိုင်တယ်”

“ဦး ကတိကို စောင့်ထိန်းနိုင်အောင် ကြိုးစားမှာပေါ့၊ ကတိက အတိုင်းအတာ တစ်ခုကို ကျော်သွားရင် လွယ်လွယ်နဲ့ ပြတ်သွားနိုင်တယ်လို့ မင်း ပြောတယ်နော်၊ ဦးတို့ ပေးခဲ့တဲ့ ကတိကို ပြန်စဉ်းစားရင် လွယ်လွယ်နဲ့ မပြတ်နိုင်ပါဘူး၊ မစဉ်းစားပဲ ထင်ရာလုပ်လိုက်မယ် ဆိုရင်တော့၊ ပြတ်သွားနိုင်တာပေါ့”

“မမမိုးသောက် ၀မ်းနည်းနေတဲ့အခါ အပြင်မှာ ထုတ်မပြောခဲ့ပေမဲ့၊ ဦး စိတ်ထဲမှာ မမ မိုးသောက်ကို မထိခိုက် မနာကျင်အောင် ကာကွယ်ပေးပါ့မယ်လို့၊ ပြောခဲ့ဖူးတယ် မဟုတ်လား...”

“ မင်း ကိုယ့်စိတ်ကို သိနေတာလား...၊ ၀န်ခံပါတယ်။ ဦး သူ့ကို ကာကွယ်ပေးပါ့မယ်လို့ စိတ်ထဲမှာ ပြောခဲ့ဖူးတယ်”

       ပန်း စက်ရဲ့ မျက်နှာလေးကို မော့ကြည့်လိုက်ပြီး ပြုံးလိုက်ကာ။

“ဒါဆို ဦး မမမိုးသောက်ကို ဆက်ပြီး ကာကွယ်ပေးလိုက်နော်၊ ပန်းကိုတော့ ဦးရဲ့ မေတ္တာတွေက ကာကွယ်ပေးပါလိမ့်မယ်၊ ဦး ပန်းကို ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ၊ ဦးရဲ့ ချစ်ခြင်းမေတ္တာတွေက ပန်းကို အမြဲတမ်း ဘေးအန္တရာယ်က ကာကွယ်ပေးနေပါလိမ့်မယ်၊ ပန်း အချစ်ကိုလဲ ဖန်တီးယူပါ့မယ်”

“ လိမ္မာတယ်။ ဦးရဲ့ ပုပ္ပါးလေးက”

“ဦး ပန်းတို့ အောက်ဆင်းရအောင်လေ၊ ဖေဖေနဲ့မေမေတို့ ပြန်လာတော့မယ် ထင်တယ်”

“ အင်း... ဆင်းရအောင်... ”

       စက် ပန်းရဲ့ လက်ကို ဆွဲကာ အောက်သို့ ဆင်းလာခဲ့သည်။

        အချစ်ဆိုတာ တစ်ခါတစ်လေ အရမ်းဆန်းကြယ်လွန်းသည်။ ချစ်သူတွေ မဟုတ်ပဲ လက်ထပ်ကြရသည်။ အချစ်မပါပဲ လက်ထပ်ကြရသည်။ တချို့က အချစ်ကြောင့် လက်ထပ်ခဲ့ပေမဲ့  တစ်ယောက်နှင့် တစ်ယောက် နားလည်မှုမရှိ၍ ကွဲကွာကြရသည်။ တစ်ယောက်နှင့် တစ်ယောက် ယုံကြည်မှုမရှိ၍ အမုန်းပွားကာ ကွဲကွာကြရသည်။ ထိုအရာတွေကြောင့် သေကြေပျက်စီးကြရသည်။

♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡Where stories live. Discover now