အခန်း ၂၃
တကယ်နော်၊ ဦး ပန်းကို မညာရဘူးနော်၊ ပန်းကို ညာရင် ပန်း စိတ္ဆိုးမွာ
ဟုတ်ပါပြီကွာ၊ ငါ မင်းကို မညာပါဘူး၊ ငါပြောတာ မှန်တယ်ဆိုရင်တော့ မင်း ငါ့ကို ဘာပေးမလဲ
အဲ့ဒါကေတာ့ လက္ထပ္ပြဲ ပြီးတဲ့ အချိန်မှပေါ့၊.ဆေးလိမ်းပြီးပြီ၊ ပန်း အကျႌ ပြန်၀တ်ပေးမယ်နော်
ကျေးဇူးပဲ ပုပ္ပါး
No need၊ ဖြစ်သွားတာက ပန်းကြောင့်လေ၊ ကျေးဇူးတင်သင့်တာက ပန်းပါ။ ပန်းသာ ဦး နေရာမှာဆို တစ္ခုခု ဖြစ်သွားလောက်ပြီ
မင်း ဘာမွ မဖြစ်အောင် ငါ ကာကွယ်ပေးမှာပေါ့၊ မင်း တစ္ခုခု ဖြစ်သွားရင်၊ မင်း ကိုကိုက ငါ့ကို လက်သီးနဲ့ ထိုးလိမ့်မယ်
ဦးဘက္က မှားတယ် ဆိုရင်တော့၊ ကိုကို လက်သီးနဲ့ ထိုးတာ ခံလိုက်ပေါ့၊ မမှားရင်တော့ ပြန်ထိုးပေါ့
လူလည်မလေး
စက် ပန်းရဲ့ ခေါင်းလေးကို ပုတ်လိုက်သည်။ ပန်းကလည်း ပြန် ရယ်ပြသည်။
ဝါး.....
ဦး ပန်း အိပ်ရေး မ၀သေးဘူး ထင်တယ်။ ပန်း ဆက်အိပ်လို့ ရမလား... ဟင်၊ အိပ်ရေး မ၀ရင် ပန်း ခေါင်းမူးလိမ့်မယ်
စက် နာရီကို ကြည့်လိုက်ပြီး။
နောက်နှစ်ရီလောက် အိပ်လို့ရသေးတယ်။ အိပ်ချင်ရင် ပေါင်ပေါ်မှာ လှဲအိပ်လေ
ဟုတ်ကဲ့ ဦး...
ပန်း စက်ရဲ့ ပေါင်ပေါ်မှာ လှဲအိပ်လိုက်သည်။ သူမ မျက်နှာပေါ် ထိုးနေသော နေရောင်ကို စက္က လက်ဖြင့် ကာပေးထားသည်။ ကလေးတစ်ယောက်လို ဖြူစင်လွန်းပြီး ချစ်စရာကောင်းနေတဲ့ ပန်းရဲ့ မျက်နှာလေးကို စက် မျက်တောင် မခပ် ကြည့်နေမိသည်။
မေမေ မမတို့က ဒီကို မလာသေးဘူးလား...ဟင်၊!အိမြတ် မမကို တွေ့ချင်နေပြီ
အငယ္မ... မမက သတို့သမီးလေ၊ မနက်ဖြန်မှ ဒီကို လာမှာပေါ့
ဒါဆို အိမြတ်တို့ကရော အိမ်မပြန်ရတော့ဘူးလား...၊ အခုချိန်လောက်ဆို မမပန်းလေးက အိမ်မှာ အေးအေးဆေးဆေး အိပ်နေလောက်ပြီ
YOU ARE READING
♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡
عشوائيကလေး မရနိုင်တော့တဲ့ မိန်းမတစ်ယောက်ကို လက်ထပ် ပေါင်းသင်းမိလိုက်တဲ့ သူ့ရဲ့ အမှားကို သိသွားချိန် စက်ကွင်း ဖခင်ရဲ့ မိုက်မဲမှုတွေကြောင့် သိန်းတစ်ထောင်နဲ့သူမကို သူ့တစ်ပါးလက်ထဲ ထိုးအပ်လိုက်သော အခါ ပန်းပုပ္ပါး ယောင်းမရဲ့ ချစ်သူနဲ့ မတည့်တဲ့ အချိန်တွေကြားမှာ...