Unicode Part 2

167 1 0
                                    

အခန်း ၂

“ဘာ ဗျာလည်း အပြုံးတွေ ပြန်ရှင်သန်လာပြီလားလို့ မေးတာကို ဗျာစရာလား မင်းအပြုံးတွေ မမ မမြင်ရတာ ဘယ်လောက်ကြာနေပြီလည်း ဒီနေ့ မင်းအပြုံးတွေက ရှင်သန်နေတယ်ဆိုတာ  မေမေ့ကို ပြောပြရမယ်”

“မမဗျာ ကျွန်တော့်ကို ပြဿနာတက်အောင် လုပ်နေပြန်ပြီ ဒီမှာ ကျွန်တော့် အပြုံးတွေက ကျွန်တော့် ဇနီးနဲ့ ရင်သွေးလေးအတွက်ပဲ ဖြစ်နေရမယ် ”

“ Sorry  မမ မင်းကို မစတော့ပါဘူး  အလုပ်သွားလုပ်လိုက်အုန်းမယ် ”

“ မြန်မြန်သွား ဗျာ ”

          နွေမိုးစက် မောင်ကို တစ်ချက်ကြည့်ကာ အခန်းထဲမှ ထွက်သွားလေသည်။ စက်ကွင်း စိတ်တိုလျှင် အကုန်လုံးကြောက်ရသည်။ ပန်းစည်းကို အမှိုက်ပုံးထဲသို့ ပစ်ထည့်ရန် ကုန်းကောက်ချိန် ပန်းပုပ္ပါး ဆိုသော မှတ်ပုံတင် ကဒ်လေးကို တွေ့လိုက်ရသည်။

        စက်ကွင်း တွေးလိုက်မိတာက သူမကို သူမ ပန်းဟု သုံးစားသွားသော အသံလေး။ စက်ကွင်း မျက်နှာမဲ့လိုက်ကာ ။

“မင်းက မင်း အဖေအတွက် သားကောင်ဖြစ်နေမှာ ငါ မြင်ယောင်တယ် ပုပ္ပါး”

       စက်ကွင်း ဘာကိုဆိုလိုသည်ကို ပန်းပုပ္ပါး၏ ဖေဖေ ဦးလူတင်သာ သိနိုင်သည်။

“ဖေဖေတို့ သူဌေးက ကြောက်ဖို့ကောင်းတယ်နော် ပန်းကို ကန်ထုတ်မယ်ဆိုလားပဲ ”

        ပန်းပုပ္ပါး ခေါင်းရမ်းကာ ပြောသည်။

“သမီးပန်းက ဘုမသိဘမသိ သူဌေးအခန်းထဲ  သွားဝင်တာကို နောက်ပြီး ပန်းစည်းကိုလည်း သွားကိုင်သေးတယ်လေ အဲ့ဒါ သူဌေး အမှားမဟုတ်ဘူး သမီး အမှား ”

“ဖေဖေကလည်း ပန်းက ပန်းစည်းလေးလှလို့ ယူကြည့်တာပါ အဲ့လောက်တောင် ပြောစရာ မလိုပါဘူး”

“သမီးပန်းလေး ပြန်တော့ ကားကို  ဂရုစိုက်မောင်း ညီမလေးကိုလည်း ခါးပတ်သေချာပတ်ခိုင်းထား ညနေ ဖေဖေ အိမ်ပြန်လာတာ နောက်ကျမယ်လို့ သမီးပန်းလေး မေမေကို ပြောလိုက် ကြားလား”

“ညဉ့်မနက်စေနဲ့နော် ဖေဖေ မေမေက အရင်နေ့တွေကလိုမျိုး ဖေဖေ့ကိုမအိပ်ပဲ ထိုင်စောင့်နေမှာ”

♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡Where stories live. Discover now