အခန်း ၁၂
“ဦးစက်ကွင်း ပန်းနဲ့ပန်းဖေဖေ ဘယ်ဆေးရုံမှာလဲ သိလို့ရမလား ဗျ”
မင်းမြတ် ကုမ္ပဏီ အပြင်ထွက်ထွက်ချင်း စက်ကို တွေ့လိုက်တာကြောင့် စက်ဆီသွားကာ မေးလိုက်ခြင်း ဖြစ်သည်။
“ မိုးတိမ်. ဆေးရုံကြီးမှာ”
“ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်”
မင်းမြတ်လဲ စက်ကို နှုတ်ဆက်ကာ ထွက်လာခဲ့သည်။ စက်လည်း အပေါ်သို့ တက်ခဲ့သည်။
“မောင်လေး ပန်းရဲ့ဖေဖေ သတိပြန်ရလာပြီလား ဘာဖြစ်တာတဲ့လဲ”
ဟူး.....
စက် သက်ပြင်းတစ်ချက် ချကာ သူ၏ ခုံတွင် ၀င်ထိုင်လိုက်ပြီး။
“ မမ... မေမေ တော်တော် ဒေါသထွက်နေလား မိုးသောက်ရော အိမ်ပြန်ရောက်နေပြီလား”
“ ဖြေးဖြေးမေး အသက်ထွက်နေအုန်းမယ် မင်းကို လိမ်ညာထားတာတောင်မှ မင်းက သူမှသူပဲ ဖြစ်နေ မင်း သူ့ကို မုန်းလိုက်ပါလား မောင်လေး”
“ မမက အပျိုကြီးလဲ ဖြစ်နေ ရည်းစားရော ချစ်သူရော တစ်ခါမှ မထားဘူးတာ ကျွန်တော့်ရဲ့ ခံစားချက်တွေကို ဘယ်နားလည်ပါ့မလဲ”
“ အေးပါ အေးပါ... မင်းက ဆယ့်နှစ်မျိုးဟင်းချိုပဲ ခုနကတော့ မိုးသောက်ကို အော်လိုက် ငေါက်လိုက်နဲ့ အခုကျတော့လည်း. တစ်မိုးသောက်တည်း သောက်နေ မင်းရဲ့ကိစ္စကို မင်းဇနီးနဲ့ အိမ်ရောက်မှ ကြည့်ရှင်း အခု ပန်းခြံက စာရင်းတွေ ပေး”
“မသိဘူးလား... ဦးလူတင်ဆီက ငွေတွေလုသွားတာ”
“ ဟမ်...လုသွားတာတော့ မဖြစ်နိုင်ဘူး ပေးလိုက်တာ နေမှာ ဘာလို့လဲဆိုတော့ တံခါးစောင့်လည်း ရှိနေတာပဲ ဦးလူတင် ဓားနဲ့ထိုးခံရတာ မပီပြင်လိုက်တာ”
“ အင်း လူဆိုးတွေက ဘယ်လိုလုပ်ပြီးတော့ ဦးလူတင်ရှိနေတဲ့ အခန်းကို သိနေရတာလဲ တံခါးစောင့်ကရော ဘယ်ရောက်သွားလို့လဲ ကျွန်တော်တို့ ပြန်လာတဲ့ အချိန်ထိ တံခါးစောင့်က မရှိသေးဘူးဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲ... မမ တံခါးစောင့် ခွင့်တိုင်းထားသေးလား...”

YOU ARE READING
♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡
Alteleကလေး မရနိုင်တော့တဲ့ မိန်းမတစ်ယောက်ကို လက်ထပ် ပေါင်းသင်းမိလိုက်တဲ့ သူ့ရဲ့ အမှားကို သိသွားချိန် စက်ကွင်း ဖခင်ရဲ့ မိုက်မဲမှုတွေကြောင့် သိန်းတစ်ထောင်နဲ့သူမကို သူ့တစ်ပါးလက်ထဲ ထိုးအပ်လိုက်သော အခါ ပန်းပုပ္ပါး ယောင်းမရဲ့ ချစ်သူနဲ့ မတည့်တဲ့ အချိန်တွေကြားမှာ...