အခန်း ၂၆
“ကောင်းသောညလေးပါ။ ဦးလူတင်နဲ့အန်တီ ကျွန်တော် ပန်းလေးကို အပြင်ခေါ်သွားချင်လို့ပါ။ ညဘက်သွားမှာဆိုတာ အန်တီတို့ဆီက ခွင့်ပြုချက်တောင်းတာပါ”
“ ခွင့်ပြုချက် တောင်းစရာမလိုပါဘူး၊ သမီးပန်းလေးက သူဠေးရဲ့ အပိုင် ဖြစ်သွားပြီပဲ”
“ မေမေ ပန်းက ဦးရဲ့အပိုင် မဖြစ်သေးပါဘူးနော်၊ မနက်ဖြန်ကျမှ ပိုင်မှာ၊ ဒါပေမယ့် ဦးကတော့ ပန်းရဲ့အပိုင် ဖြစ်သွားပြီ”
“ဦးစက်ကွင်း၊ အိမြတ်ရော မမနဲ့အတူ လိုက်လို့ရလား... ဟင်”
“အငယ်မ လိုက်မသွားရဘူး၊ လိုချင်တာရှိရင် သမီးမမကိုမှာလိုက်”
“ ဟုတ်ကဲ့ပါ ဖေဖေ၊ မမ အိမြတ်အတွက် အရုပ်ကြီး ၀ယ်ခဲ့ပေးနော်၊ ဒီနားမှာ ညဈေး အိမြတ်တွေ့ခဲ့တယ်”
“ဟုတ်ပါပြီ မမ ၀ယ်ခဲ့ပါ့မယ်၊ ဦး အ၀တ်စားသွားလဲ ရအောင်”
စက်ရဲ့လက်ကို ဆွဲကာ ထွက်သွားသော ပန်းရဲ့ ကျောပြင်ကို ကြည့်ပြီး ဒေါ်ဟေမာန် ငိုမိသည်။ မျက်ရည်တွေက ၀မ်းနည်းမျက်ရည်မဟုတ်ပဲ အပျော် မျက်ရည်တွေ ဖြစ်သည်။ သူမ သမီးလေးကို ပျော်အောင် ထားပေးတဲ့ စက်ကို စိတ်ထဲမှာ ကျေးဇူးတင်နေမိသည်။
“ ဦး ပန်းလေ ကိုယ်ကိုယ့်ကို ဖုန်းဆက်ခေါ်ထားလိုက်တယ်။ မမနွေနဲ့ကိုယ်ကိုယ့်ကို ပိုပြီး ရင်နှီးစေချင်လို့ပါ။ တခြား ဘာမှမပါဘူးနော်”
“ ပြောလို့ ရမလား...၊ နှုတ်က ဘာမှမပါဘူးလို့ ပြောနေပေမဲ့ စိတ်ထဲက ပါချင်ပါနေမှာပေါ့”
“ဦး ပန်း စိတ်ဆိုးလိုက်မှာနော်၊ ပန်းက မမနွေနဲ့ကိုယ်ကိုယ့်ကို ဒီတိုင်း ရင်းနှီးစေချင်လို့ပါဆို၊ ဒါမှမဟုတ် ကိုယ်ကိုယ့်ကို ဖုန်ဆက်ပြီး ပြန်ပြောလိုက်ရမလား...”
“မပြောနဲ့တော့၊ လာ သွားမယ်၊ အောက်မှာ မမ စောင့်နေလောက်ပြီ”
“စိတ်ဆိုးနေတာကလည်း တကယ့် မိန်းမကြီး အတိုင်းပဲ၊ အင်းလေး မိန်းမကြီး စိတ်ဆိုးနေတော့၊ ဒီက ယောက်ျားကြီးက ချော့ရမှာပေါ့၊ စိတ်ဆိုးပြေမှာလား...မပြေဘူးလား...၊ ဒါဆို ကလိ ထိုးလိုက်မှာနော်”
YOU ARE READING
♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡
Randomကလေး မရနိုင်တော့တဲ့ မိန်းမတစ်ယောက်ကို လက်ထပ် ပေါင်းသင်းမိလိုက်တဲ့ သူ့ရဲ့ အမှားကို သိသွားချိန် စက်ကွင်း ဖခင်ရဲ့ မိုက်မဲမှုတွေကြောင့် သိန်းတစ်ထောင်နဲ့သူမကို သူ့တစ်ပါးလက်ထဲ ထိုးအပ်လိုက်သော အခါ ပန်းပုပ္ပါး ယောင်းမရဲ့ ချစ်သူနဲ့ မတည့်တဲ့ အချိန်တွေကြားမှာ...