အခန်း ၁၄
“သား မင်းမြတ် မင်းအန်ကယ် ဖဲချနေတယ်ဆိုတာ သားဘယ်လို သိတာလဲ”
“ဟို ကျွန်တော် သိတာကြာနေပါပြီ အန်တီ... အန်တီတို့ မိသားစု စိတ်ဆင်းရဲမှာဆိုးလို့သာ မပြောပြတာပါ အခုကလည်း ပန်းလေးကို ပိုင်ပိုင်က အပြစ်တင်နေလို့ ပြောလိုက်မိတာ”
မင်းမြတ် စကားကြောင့် ပန်းပုပ္ပါးရဲ့ မိခင် ဖြစ်သူ ဒေါ်ဟေမာန် ငြိမ်ကျသွားခဲ့သည်။ သူမရဲ့ ယုံကြည်မှုတွေ ပျက်စီးသွားသလို ခံစားလိုက်ရသည်။ ပါးပြင်ထပ်သို့ မျက်ရည်များ စီးကျလာခဲ့ပြီး အိမြတ်ရဲ့ လက်လေးကို တင်းကျပ်စွာ ဆုပ်ထားလိုက်မိသည်။ ထို့နောက် ဒေါ်ဟေမာန်ရဲ့ မျက်ဝန်းတွေသည် တစ်ခုခုကို ဆုံးဖြတ်ချက် ချလိုက်သလို တိကျပြတ်သားစွာ ရွှင်းလက်လာခဲ့သည်။
“ သား အန်ကယ်ရဲ့ သတင်းကို ဘယ်ကနေ သိလာတာလဲ အဲ့လူကို အန်တီနဲ့ တွေ့ပေးနိုင်မလား...”
“အန်တီ အဲ့ဒီလူကို တွေ့ပြီး ဘာလုပ်မလို့လဲဗျ မတွေ့ပါနဲ့ဗျာ အဲ့ဒီလူက အန္တရာယ်များတယ် ကျွန်တော် ကြားတာတော့ အဲ့ဒီလူက ဖဲဝိုင်းထောင်တဲ့လူ ဇိုးတဲ့ဗျ...”
“အဟွန်း... ”
ဒေါ်ဟေမာန် နှုတ်ခမ်းများ ကွေးညွတ်အောင် ပြုံးလိုက်ပြီး။
“သူ့ဇိုးလောက်ကတော့ အန်တီတို့ ငယ်ငယ်တုန်းက ဆိုးခဲ့တာကို မှီပါ့မလား မင်း မပြောပြချင်ရင်လဲ နေပါ အန်တီ ကွကိုယ်ပဲ စုံစမ်းလိုက်ပါ့မယ်”
“ ကျွန်တော် တစ်ခု မေးလို့ရမလား... ပိုင်ပိုင်က ဘယ်သွားတာလဲ အန်တီ”
“ စကားလမ်းကြောင်း လွဲတာ အန်တီ မကြိုက်ဘူး သား မင်းမြတ်... အိမ်အထိ လိုက်ပို့ပေးလို့ ကျေးဇူးပဲ လာ သမီးငယ်လေး”
“Good night ညီမလေး”
“ Good night ကိုကြီး မင်းမြတ်”
ဒေါ်ဟေမာန်တို့ အိမ်ထဲဝင်သွားတယ်ဆို မင်းမြတ်လည်း သူ၏ အိမ်သို့ ပြန်လာခဲ့သည်။ သူ၏ အိမ်ရှေ့တွင် မီးအိမ်ကိုင်ကာ ထိုင်စောင့်နေသော သူ၏မေမေကို တွေ့လိုက်ရသည်။ မင်းမြတ်လည်း ကားကို နေရာချကာ သူ၏ မေမေရှိရာသို့ လျှောက်လာခဲ့သည်။
YOU ARE READING
♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡
Losoweကလေး မရနိုင်တော့တဲ့ မိန်းမတစ်ယောက်ကို လက်ထပ် ပေါင်းသင်းမိလိုက်တဲ့ သူ့ရဲ့ အမှားကို သိသွားချိန် စက်ကွင်း ဖခင်ရဲ့ မိုက်မဲမှုတွေကြောင့် သိန်းတစ်ထောင်နဲ့သူမကို သူ့တစ်ပါးလက်ထဲ ထိုးအပ်လိုက်သော အခါ ပန်းပုပ္ပါး ယောင်းမရဲ့ ချစ်သူနဲ့ မတည့်တဲ့ အချိန်တွေကြားမှာ...