Unicode 8

92 2 0
                                    

အခန်း ၈

“သူဌေး ပန်းရဲ့ Designမူကြမ်း သူဌေးကြိုက်မယ်လို့ မျှော်လင့်ပါတယ်”

        စက် ပန်းကမ်းပေးသော စာရွက်ကို မယူပဲ နာရီကို ကြည့်လိုက်ကာ။

“ မင်း အိမ်ပြန်လို့ ရပြီ ပုပ္ပါး မနက်ဖြန် ခုနှစ်နာရီခွဲ အရောက်လာခဲ့ပါ မင်းရဲ့ Designမူကြမ်း  Computerထဲမှာ ရှိတယ်မဟုတ်လား ငါ အဲ့ထဲကပဲ ကြည့်လိုက်မယ်”

“ ဟုတ်...”

      ပန်း စက်ကို နားမလည်သော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ စာရွက်ကို သူမ ခုံပေါ်တင်ထားခဲ့ပြီး သူမ ပစ္စည်းတွေကို သိမ်းကာ စက်ရဲ့ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ ထို့နောက် သူမ၏ ဖေဖေ ရုံးခန်းထဲသို့ ၀င်လာခဲ့သည်။

“ ဖေဖေ... ”

       သူမ ဖေဖေလို့ ခေါ်လိုက်ပေမဲ့ ရုံးခန်းထဲမှာ မည်သူမှ ရှိမနေ။ ပန်း ရုံးခန်းထဲမှ ထွက်လာတယ်ဆို နွေမိုးစက်ကို တွေ့လိုက်ရသည်။

“မမလေးနွေ ဖေဖေ့ကို တွေ့မိသေးလား ဟင်”

“မမလည်း မတွေ့မိဘူး ပန်းလေး”

“ ဟုတ်... ”

       ပန်း ပြုံးပြကာ အောက်သို့ ဆင်းလာခဲ့သည်။

ဒေါက်..... ဒေါက်......
ဒေါက်..... ဒေါက်.....

“မောင်လေး မမ ၀င်ခဲ့မယ်နော်...”

          နွေ တံခါးဖွင့်ကာ စက်ရဲ့ ရုံးခန်းထဲသို့ ၀င်သွားလိုက်သည်။  နွေ စာပွဲပေါ်မှ စာရွက်ကို ကြည့်လိုက်တော့။

“ ဒီမူကြမ်းက ဘယ်သူဆွဲထားတာလဲ အရမ်းလှတယ် မင်း ဆွဲထားတာရော ဟုတ်ရဲ့လား”

      ပြန်ဖြေသံ မကြား၍ နွေ စက်ကို လှမ်းကြည့်လိုက်တော့ စက် အောက်သို့ ငုံ့ကြည့်နေတာ တွေ့လိုက်ရသည်။ စက် အနားသို့ သူမ သွားလိုက်ကာ စက်ကြည့်နေတဲ့ အောက်ကို ကြည့်လိုက်တော့ ပန်းကို ကြည့်နေတာ ဖြစ်သည်။ နွေ ပြုံးလိုက်ကာ။

“ မောင်လေး စိတ်မချရင်လဲ လိုက်ပို့လိုက်လေ”

       စက် သူမ ဘက်သို့ လှည့်လာပြီး။

“ မမ သူ့တစ်ပါးကို ထိခိုက်စေတဲ့ စကားမျိုး မပြောပါနဲ့ ကျွန်တော့်မှာ မိန်းမ ရှိတယ် ကျွန်တော့် မိန်းမကိုပဲ ကျွန်တော် ချစ်မှာ”

♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡Where stories live. Discover now