Unicode Part 10

100 0 0
                                    

အခန်း ၁၀

📱အတူတူအနားမှာ... မင်းလေး... ရှိတဲ့အချိန်...
ပီတိများနဲ့....ရင်တွေခုန်... ပူပင်မှုတွေနဲ့... ဘ၀ရဲ့အမောများ...
ဝေး... ကမ္ဘာကြီးဟာ... ပြည့်စုံ... 📱

       ပန်း အပြင်မှ နားထောင်နေတာ ဖုန်းလာသဖြင့် ကုမ္ပဏီ အောက်သို့ ပြန်ဆင်းလာခဲ့သည်။ စက် ဖုန်းသံကြား၍ အခန်းပြင်ထွက်ကြည့်လိုက်တော့ ဘယ်သူမှ ရှိမနေ။

“သူဠေးလေး သမီးလေးပန်း ကြားသွားပြီ ထင်တယ်”

“ ဦးလူတင်က ဘာလို့ ပုပ္ပါးပါလို့ အတပ်ပြောနိုင်ရတာလဲ”

“ ခုနက ဖုန်းသံက သမီးလေးရဲ့ ဖုန်းသံပါ”

“စိတ်ချပါ ဦးလူတင် ပုပ္ပါးက မေးလာခဲ့ရင်တောင် ကျွန်တော် ဖြေမှာ မဟုတ်ပါဘူး ကိုယ့်အခန်းထဲ ကိုယ် သွားပါတော့”

       စက်ကို ဦးလူတင် တစ်ချက်ကြည့်ကာ စက်ရဲ့ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။

ဒေါက်...... ဒေါက်........

“၀င်ခဲ့... ”

       ၀င်ခဲ့ဆိုသော အသံကြောင့် ပန်း ၀င်ခဲ့သည်။

“ ပန်း... နောက်ကျသွားလို့ တောင်းပန်ပါတယ် သူဠေးလေး”

“ မင်း တကယ်ပဲ အလုပ် နောက်ကျတာလား... ငါ့ရုံးခန်းရှေ့ကို ရောက်နေပြီးမှ ဖုန်းလာလို့ ပြန်လှည့်သွားတာလား...”

“ပန်း အခုမှ ရောက်တာပါ သူဠေး”

        ပန်း မဆိုင်းမတွ ဖြေလိုက်တာကြောင့် စက်လဲ ခေါင်းညိမ့်ပြလိုက်ကာ။

“ ကောင်းပြီ မင်း မမပြန်လာတဲ့ အချိန်ကျရင် မမနဲ့ အပြင်လိုက်သွားရမယ် မမ ဘာပဲလုပ်လုပ် မမေးနဲ့ မမ ပြောပြတာ သေချာနားထောင် အထွန့်မတက်နဲ့ အထွန့်တက်ရင် မမက မကြိုက်ဘူး ငါ ပြောတာ ကြားလား ပုပ္ပါး...”

“ ကြားပါတယ် သူဠေးလေး မမလေးနွေကို ဘာမှမမေးနဲ့ဆိုတော့ သူဠေးလေးကိုပဲ  မေးရပါလိမ့်မယ် ပန်းက မမလေးနဲ့ လိုက်သွားရမှာဆိုတော့ ပန်းက သူဠေးလေးရဲ့ မန်နေဂျာလား  မမလေးနွေရဲ့ မန်နေဂျာလား... ဟင်”

“မင်းက ကုမ္ပဏီ တစ်ခုလုံးရဲ့ မန်နေဂျာ ရှင်းပြီးလား မေးစရာရှိသေးရင် ထပ်မေး”

♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡Where stories live. Discover now