အခန်း ၂၅
“ ပိုင်ပိုင်”
ပိုင်ပိုင် သူ့ နာမည်ကို ခေါ်သံကြား၍ လှည့်ကြည့်လိုက်တော့ မိုးသောက်ဖြစ်နေသည်။
“မမ ဒီကို ဘာလာလုပ်တာလဲ၊ ပိုင့်အိမ်ကိုရော ဘယ်လိုသိတာလဲ”
“ မင်းပဲ မမကို ပြောပြထားတာလေ၊ မင်း မမှတ်မိတော့ဘူးလား... ပိုင်ပိုင်၊ မမ မှားခဲ့တဲ့ အမှားတွေအတွက် မမ နောင်တရနေပါပြီ၊ စက်ကလည်း မမကို မုန်းသွားပြီ ပိုင်ပိုင်”
“ ဦးစက်ကွင်း အမုန်းနဲ့ မမက ထိုက်တန်ပါတယ်လို့ ပိုင်က ပြောမယ် ထင်နေလား... မမ၊ Sorry ပဲနော်၊ မမရဲ့ ထောင်ချောက်ထဲမှာ ထပ်ပြီး အမိခံတော့မှာ မဟုတ်ဘူး၊ ဦးစက်ကွင်းက မမကို လွယ်လွယ်နဲ့ မုန်းမယ်လို့ ပိုင်မထင်ဘူး၊ မမ ဘာတွေများ ထပ်ပြီး ကြံစည်နေပြန်ပြီလဲ၊ ပိုင့်ကို ပြောပြပါအုန်း”
“ပိုင်ပိုင် မမက မင်းကို ညာနေတယ်လို့ မင်းထင်တာလား...၊ မင်းက မမကို မယုံကြည်တော့ဘူးပေါ့”
“ဒါဆို မမ ဦးစက်ကွင်းနဲ့ ကွာရှင်းလိုက်တော့လေ၊ အဲ့ဒါဆို မမ အမှားတွေအတွက်၊ နောင်တ တကယ်ရလာတယ်ဆိုတာ ပိုင် ယုံမယ်”
“ မမ တကယ်နောင်တရနေတာပါ။ မမ လုပ်ခဲ့မိတဲ့ အမှားတွေ အတွက်ပေါ့၊ ဒါပေမယ့် မမ မင်းရဲ့ ညီမလေး ရင်သွေးလေးမွေးပြီးမှ ကွာရှင်းပါ့မယ်လို့ ကတိပေးထားတယ်”
“ မမ ပိုင့်ကို ညာတယ်။ အခုလည်း မမ ပိုင့်ကို အသုံးချဖို့ လာလိမ်နေပြန်ပြီ၊ အဟင်း ဒါပေမယ့် ပိုင်ပိုင်ဆိုတဲ့ ကျွန်တော် တစ်ခါပဲ အလိမ်ခံမယ်၊ အခု ပိုင့်အိမ်ထဲက ချက်ချင်း ထွက်သွားပါ”
“ ပိုင်ပိုင် မင်းရော မင်းမိသားစုရော နာကျင်ရမယ်၊ ငါ့ကို ဥပေက္ခာပြုထားတဲ့ လူတွေရော နာကျင်ရမယ်”
“မမက ဥပေက္ခာနဲ့ တန်တာကို၊ ဥပေက္ခာနဲ့ တန်တဲ့လူကို ဥပေက္ခာပြုတာ၊ ဘာတွေများ အံ့သြစရာကောင်းလို့လဲ၊ မမက မမရဲ့အမှားတွေအတွက် တစ်သက်လုံး ပေးဆပ်နေရလိမ့်မယ်၊ နာရီတိုင်း၊ မိနစ်တိုင်း၊ စက္ကန့်တိုင်း၊ နာကျင်နေရလိမ့်မယ်၊ မမဘ၀မှာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေလိမ့်မယ်၊ မမ ကျွန်တော့် ခြံထဲက ထွက်သွားတော့၊ ထွက်မသွားရင် ကျွန်တော်ကိုယ်တိုင် ဆွဲထုတ်ပေးမယ်”
YOU ARE READING
♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡
Randomကလေး မရနိုင်တော့တဲ့ မိန်းမတစ်ယောက်ကို လက်ထပ် ပေါင်းသင်းမိလိုက်တဲ့ သူ့ရဲ့ အမှားကို သိသွားချိန် စက်ကွင်း ဖခင်ရဲ့ မိုက်မဲမှုတွေကြောင့် သိန်းတစ်ထောင်နဲ့သူမကို သူ့တစ်ပါးလက်ထဲ ထိုးအပ်လိုက်သော အခါ ပန်းပုပ္ပါး ယောင်းမရဲ့ ချစ်သူနဲ့ မတည့်တဲ့ အချိန်တွေကြားမှာ...