Unicode Part 11

90 0 0
                                    

အခန်း ၁၁

"မမ ဒီ... ဒီလက်ရာက ပန်းလေး မနေ့က ဆွဲပေးလိုက်တဲ့ Design မဟုတ်လား ဟင်"

"သိပ့်ဟုတ်တာပေါ့ ပန်းလေး ဆွဲထားတဲ့ Designက အရမ်းလှတာ. နောက်ပြီး ပန်းလေးက မမထပ်တောင် တော်သေးတယ်"

"ပန်းဆွဲလို့ တော်တာ မဟုတ်ရပါဘူး ချုပ်တဲ့လူက တော်လို့ ဟုတ်တယ် ဟုတ်"

နွေ ပန်းရဲ့ ခေါင်းလေးကို ပွတ်လိုက်ကာ။

" ပန်းလေးက အရမ်းလည်တာပဲ ပန်းလေးသာ မမရဲ့ ယောင်းမလေး ဖြစ်ခဲ့ရင် အရမ်းကောင်းမှာပဲ"

" ဟင်... မမကလဲ ယောင်းမ မတော်လည်း ညီမလေး တော်လို့ရနေတာပဲ ဟာကို"

" ဟုတ်ပါပြီ ရှင့်... လာ ကျန်တဲ့ Designတွေ မမ လိုက်ပြမယ်"

ပန်း နွေရဲ့ နောက်သို့ ဆက်၍ လိုက်ခဲ့သည်။

" သူဠေးလေး သမီးပန်းအတွက် ပိုက်ဆံ ကြိုထုတ်ချင်လို့ ရမလား..."

"ပန်းပုပ္ပါးအတွက် ကြိုထုတ်ချင်တယ်ဆိုရင်တော့ သူ ပြန်လာမှ ထုတ်လိုက်ပါ ဦးလူတင် သူမ လုပ်အားခက သူမနဲ့ပဲ ရှင်းသင့်တယ် ထင်လို့ပါ"

"ဟုတ်ကဲ့ပါ သူဠေးလေး"

ဦးလူတင် ထွက်သွားသည်။

တောက်စ်......

စက် ဖုန်းကို ကြည့်ကာ တောက်တစ်ချက်ခေါက်လိုက်သည်။ ထို့နောက် ထိုင်ခုံပေါ်တွင် တင်ထားသော သူ့ရဲ့ အပေါ်အင်္ကျီကို ယူကာ အပြင်ကို ထွက်ခဲ့သည်။

၀ူး.............
မိုးသောက်ရှိရာ စားသောက်ဆိုင် သို့ မောင်းထွက်လာခဲ့သည်။
ကျွီ..........
စားပွဲဝိုင်း တစ်ဝိုင်းရဲ့ ထောင့်လေးမှာ ပုခုံးချင်းယှဉ်ဖက်ကာ အကြည်စိုက်နေကျသော မိုးသောက်နှင့် ပုံပါကောင်လေးကို တွေ့လိုက်ရသည်။

" မိုးသောက်... "

နာမည် ခေါ်လိုက်တာကြောင့် မိုးသောက် ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်ကာ။

"စက်... ဘယ်ကို လာတာလဲဟင် မိုးသောက်ဆီ လာမယ်ဆိုလဲ ဖုန်းမဆက်ဘူး"

" မင်းကို ဖြေမဲ့အဖြေ ငါ့မှာ မရှိဘူး မင်း ငါနဲ့လိုက်ခဲ့ "

မိုးသောက် စက်ဆွဲခေါ်ရာသို့ ပါလာခဲ့သည်။ ကျန်နေခဲ့သော ကောင်လေးကိုလည်း လက်လှမ်းပြလိုက်သေးသည်။

♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡Where stories live. Discover now