Unicode Part 3

130 2 0
                                    

အခန်း ၃

“ ကိုကိုရေ ကိုကို”

ဂျိမ်း... ဂျိမ်း...

        ပန်းပုပ္ပါး လူခေါ်ဘဲလ်ကို မနှိပ်ပဲ ခြံတံခါးကို လှုပ်ရမ်းလိုက်သဖြင့် ခြံတံခါးမှာ ဂျိမ်း ဂျိမ်း ဟူသော အသံများ ထွက်လာလေသည်။

“မမ ခြံတံခါး ပျက်သွားမယ်လေ လူလို ခေါ်ပါဟ”

“သမီးငယ် အစ်မကို ဘယ်လိုတွေ ပြောနေတာလည်း”

“ထားလိုက်ပါ မေမေရာ မေမေ့ သမီးက အဲ့အတိုင်းပဲ ကိုကိုရေ ကိုကို”

“ကိုကို လာပါပြီ ပန်းလေးရေ ခြံတံခါး ပျက်သွားအုန်းမယ်”

       ပုဆိုး ၀တ်ကာ ထွက်လာသော မင်းမြတ်။ မင်းမြတ် ပုဆိုးကို ခြေမျက်စိ လုံအောင် ၀တ်လာခဲ့သဖြင့် ပုဆိုးစ မနင်းမိရုံတစ်မယ် ပုဆိုးမှာ ဖုတ်တိုက်နေသည်။ ပန်း သွားဖုံးလေးများ ပေါ်အောင် ပြုံးလိုက်ကာ။

"ငါ့ကိုကိုကတော့နော် ပုဆိုး မ၀တ်တက် ၀တ်တက်နဲ့ ဘယ်အချိန်  ဘယ်လို ပုဆိုးစနင်းမိပြီး သွားထွက်မှာ မြင်ယောင်နေသေးတယ်”

“ ပန်းလေးရယ် ကိုယ်ကိုယ့်ကို အဲ့လောက် မမြှောက်ပါနဲ့ ကိုကိုက  နဂိုကတည်းက မြောက်ချင်နေတာ”

        မင်းမြတ် တံခါးဖွင့်ပေးရင်မှ ဆိုလိုက်သည်။

“ကိုကို ဘာဟင်းတွေ ချက်ထားလဲ”

“ဘာမှမချက်ထားဘူး အန်တီမေနဲ့ ညီမလေး အိမ်ထဲဝင်လေ”

“ ကိုမင်းမြတ်က အိမ်ထဲဝင်ပါလို့ ပြောပြီ ဆိုတော့လည်း အိမ်ထဲဝင်ရမှာပေါ့ အမိန့်မရမချင်း မတ်တပ်ရပ်နေရတာ ညောင်းလှပြီ”

         ပုခုံးနှစ်ဖက် တွန့်ပြကာ အိမြတ် ထိုသို့ ပြောသည်။

“၀င်ပါဗျာ ၀င်ပါ”

          ထို့နောက် ပန်းပုပ္ပါး၏မေမေ ဒေါ်ဟေမာန်နှင့်အိမြတ်တို့ အိမ်ထဲဝင်သွားလေသည်။ ပန်းကတော့ မင်းမြတ်နှင့်စကားပြောရင်း ခြံထဲမှာ ကျန်နေခဲ့သည်။

“ ကိုကို ပုဆိုးကြီး မ၀တ်တက်ရင် မ၀တ်ပါနဲ့ ကိုကိုရာ ကျွတ်ကျနေမှဖြင့်”

♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡Where stories live. Discover now