Unicode Final 30

436 2 0
                                    

အခန်း ၃၀ ဇာတ်သိမ်းခန်း

(လအနည်းငယ် ကြာပြီးနောက်)

          ပန်း အစာစားချင်စိတ်မရှိတာ နှစ်ရက်သုံးရက်လောက် ရှိနေပြီဖြစ်သည်။ အခုလည်း အန်ချင်စိတ်တွေ ပေါ်လာသည်။ ပန်း သူမ၏ ဖေဖေ ခြေထောက်ချုပ်ရိုးဖြည်ရန် အတွက် ဆေးရုံကို ရောက်ရှိနေတာဖြစ်သည်။ ပန်း သူမ၏ ဖေဖေကို ဆရာဝန်ဘေးမှာ ထားခဲ့ကာ သန့်စင်ခန်းထဲသို့ ပြေးလာခဲ့သည်။

          ပန်း မျက်ရည်ကျတဲ့အထိ အန်လိုက်ရသည်။ သို့ပေမဲ့လည်း အန်ချင်စိတ်က ပျောက်မသွားခဲ့။

“မင်း... ဆေးရုံမှာ ရောက်နေတယ်ဆိုတော့ ဆရာဝန်လေး ဘာလေး ပြသင့်တယ် မဟုတ်လား ”

“ မမ မိုးသောက် ”

        လအနည်းငယ်လောက်ပျောက်သွားတဲ့ မိုးသောက် ယခု သူမ ဆေးရုံကို ရောက်ရှိနေသည်။ သူမ အရင်ကနှင့်မတူ ဆံပင်က ဂုတ်ဝဲလေးသာ ရှိတော့သည်။ နှုတ်ခမ်းက နီရဲနေသည်။

“အရမ်းအံ့ဩသွားလား  ပန်းပုပ္ပါး ငါ မင်းဆီက စက်ကို လုယူဖို့ ပြန်လာပြီနော် မင်းလည်း ပျော်ရွှင်ခဲ့ရပြီးပြီပဲ မင်း စက်ကို ငါ့လက်ထဲ ပြန်ထည့်ပေးနိုင်မလား ”

“အဟင်း ရှင် ဦးကို ပြန်ခေါ်လို့ရရင် ပန်းကိုယ်တိုင် ရှင့် လက်ထဲကို ထည့်ပေးမယ် တကယ်လို့ ဦးက ရှင်နဲ့ ပြန်မလိုက်ဘူးဆိုရင်တော့ ရှင်ကိုယ်တိုင် ဦးနဲ့ ကွာရှင်းပေးရမယ် ”

“ ငါနဲ့စက် ကွာရှင်းတာ မကွာရှင်းတာ မင်းနဲ့မဆိုင်ဘူး မင်း သေချာစောင့်ကြည့်နေ ငါကိုယ်တိုင် စက်ကို ပြန်ခေါ်မယ်”

          မိုးသောက် ပန်းကို ပြောကာ ထွက်သွားသည်။ ပန်း ရင်လေးကာ ကျန်ခဲ့သည်။ ပန်း ခေါင်းတွေမူးနောက်လာခဲ့သည်။

ဘုန်း.......

        သူမ လဲကျသွားခဲ့သည်။
“ သမီးလေး သမီးလေး သတိထားအုန်းနော်”
        ပန်း ဆူညံသံတွေကြောင့် မျက်လုံး ဖွင့်လာခဲ့သည်။

“မေမေ ပန်း ဘာဖြစ်သွားတာလဲ ဖေဖေရော ဆရာ  ပန်း ဘာဖြစ်တာလဲ”

“အစာပြတ်ပြီး မူးလဲသွားတာပါ အခုကစပြီး ဗိုက်ထဲက ရင်သွေးကို ဂရုစိုက်ရမယ်နော် ကဲချင်တိုင်း ကဲလို့ မရတော့ဘူး”

♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡Where stories live. Discover now