Unicode Part 17

100 0 0
                                    

အခန်း ၁၇

ဟင်း.........

       ပန်းပုပ္ပါး အိပ်ရာမှ နိုးတယ်ဆို သက်ပြင်းရှည်ကြီး ချမိသည်။ ထို့နောက် စာပွဲခုံပေါ်တွင် လက်တင်ကာ အိပ်ပျော်နေသော စက်ကို တွေ့လိုက်ရသည်။ ပန်း အမြန်မတ်တပ်ရပ်လိုက်ကာ စက်ဆီသို့ လျှောက်သွားလိုက်ပြီး စက် ကိုယ်ပေါ်တွင် အင်္ကျီကို လွှမ်းခြုံပေးလိုက်ကာ သူမ ထွက်သွားမည့်အပြု စက် သူမလက်ကို လှမ်းဆွဲထားသည်။ သို့ပေမဲ့ မျက်လုံးက ဖွင့်မလား။ ပန်း စက်ရဲ့ လက်ကို ခုံပေါ်သို့ ပြန်တင်ပေးလိုက်ပြီး သူမ အိတ်ကို ယူလိုက်ကာ အိမ်သို့ ပြန်လာခဲ့သည်။

       သူမ ထွက်သွားတယ်ဆို စက်ရဲ့ မျက်လုံးလေး ပွင့်လာသည်။ စက်လည်း အပေါ်အင်္ကျီလေးကို ၀တ်ကာ အိမ်သို့ ပြန်ခဲ့သည်။ စက် သူ၏ အိမ်ရောက်တော့ သူ၏ မေမေက ဆီးကြိုနေသည်။

“ သားငယ်... ညက ဘာလို့ အိမ်ပြန်မလာတာလဲ၊ ဟို.အတွင်းရေးမှူး မလေးကြောင့်လား...၊ ဒါမှမဟုတ် အခြားကိစ္စကြောင့်လား... ”

“ မေမေ... သား ကုမ္ပဏီမှာ အလုပ်လေးတွေ လက်စသတ်နေလို့ပါ။ တခြား ဘာကိစ္စကြောင့်မှာလည်း မဟုတ်ဘူး”

“ သားငယ်... ပန်းပုပ္ပါးနဲ့ လက်ထပ်မဲ့ကိစ္စ မေမေ့ကို နည်းနည်းလေးတောင် အသိမပေးချင်ဘူးလား...၊ မေမေလည်း မေမေ့ ချွေးမလောင်းလေး ဘယ်သူဘယ်ဝါဆိုတာ သိချင်တာပေါ့၊ သူများပြောမှ သိရတော့ မေမေ ၀မ်းနည်းတာပေါ့”

“ မေမေ သဘောတူလား...၊ မေမေ သဘောမတူလည်း သားတို့က လက်ထပ်မှာပဲ မေမေ”

“ မေမေ သဘောတူပါတယ် သဘောမတူစရာ အကြောင်းမရှိပါဘူး၊ ဒါပေမယ့် သမီးလေးမိုးသောက်ကိုရော ဘယ်လိုလုပ်မလဲ”

“မေမေ ယောက္ခမလောင်းကြီး... မိုးသောက်ကို ဘယ်တုန်းက စိတ်ပူတက်သွားတာလည်း၊ မိုးသောက်ကို စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မိုးသောက် စက်ကို ကွာရှင်းမပေးနိုင်ဘူး၊ ပန်းပုပ္ပါးဆိုတဲ့ မိန်းကလေး မယားငယ် ဘ၀မှာ နေချင်ရင်လည်း နေပေါ့၊ မိုးသောက်ကတော့ ကွာရှင်းဖို့ ကိစ္စကို လုံးဝပဲ”

“ မင်းရဲ့ အရင်ယောက်ျားကို မင်းရှေ့မှောက် ငါ ခေါ်လာမယ်ဆိုရင်၊ မင်း ငါ့မောင်ကို ကွာရှင်းပေးမှာလား...၊ ဒါမှမဟုတ် မင်းကို ငါတရားစွဲရမှာလား... ”

♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡Where stories live. Discover now