Chapter [9]

95 5 1
                                    

အခန်း ၉

“ပန်းလေးကလည်း ကိုကိုက ပန်းကို မပင်ပန်းစေချင်လို့ပါ နောက်ပြီး ပန်းလေး ပင်ပန်းနေတာလည်း ကိုကို မကြည့်ရက်ဘူး”

“ ကိုကို ကားဝယ်လိုက်တာ သိန်းတစ်ရာ နှစ်ရာလောက် ရှိတယ် အဲ့အစား ကိုယ်ကိုယ့်ဖေဖေရဲ့ အကြွေးတွေကို ဆပ်လိုက်ရင် အကြွေးတွေကျေသွားမယ် ပန်းလေးတို့လည်း အတူတူ နေနိုင်မယ်”

“ ပန်းလေး... ကိုယ်ကိုယ့်ဖေဖေရဲ့ အကြွေးတွေကိုလည်း ကိုကို ဆပ်ပြီးပါပြီ ဒီရုံးပိတ်ရက် ကိုကိုတို့ စေ့စပ်ထားကြမယ် ကိုကိုတို့ ပြေလည်သွားတဲ့အခါ လက်ထပ်ကြမယ်လေနော်”

“ကိုကို... ပန်းလေးတို့က အခု ပြေလည်နေတာပဲ ကိုကိုဆိုလိုတာက ကိုကို ချမ်းသာတဲ့ အချိန်ထိ ပြောနေတာလား ပန်းလေးက ပကာသနတွေ မမက်မောဘူး ကိုကို ဒီရုံးပိတ်ရက်လည်း ပန်းလေးတို့ မစေ့စပ်နိုင်သေးဘူး အစ်ကိုကြီးပိုင်ပိုင်ရဲ့ လက်ထပ်ပွဲလုပ်ပြီးမှ စဉ်းစားကြတာပေါ့”

       မင်းမြတ် ပန်းပုပ္ပါးရဲ့ လက်လေးကို ကိုင်လိုက်ကာ။

“ ပန်းလေး သဘောပါ ပန်းလေး သိရဲ့လား ကိုကိုတို့ ဘုရားသွားဖို့ ပန်းလေးကို စောင့်နေခဲ့တာ ဒါပေမယ့် ”

“ဒါပေမယ့် မလုပ်နဲ့ ကိုကို ပန်းလေးလည်း မထင်မှတ်ပဲ ဒီနေ့ အလုပ်ရသွားတာ ကံကောင်းတယ် ဖေဖေ အိမ်ပြန်ရောက်နေပြီလား... ကိုကိုကရော အလုပ် ပြောင်းလိုက်တာလား...”

“ဟုတ်တယ် ပန်းလေး... ကိုယ်ကိုယ့်ရဲ့ အရင်သူဌေးက ဒီစက်ရုံကို ပြောင်းလုပ်ခိုင်းလိုက်တာ အန်ကယ်ကတော့ ပြန်မရောက်သေးဘူး”

“ ဖေဖေက ဒီလောက် နောက်ကျတဲ့ အချိန်ထိ ဘယ်သွားနေတာလည်း မသိဘူး ဟင်း.... ”

      ပန်း သက်ပြင်း မသိမသာ ချလိုက်မိသည်။

ဝူး........ ကျွီ.......

      စက် အိမ်ထဲရောက်တော့ မိုးသောက်ရဲ့ ကား ရှိမနေ။ စက် အိမ်ထဲသို့ ၀င်လာခဲ့သည်။ ဧည့်ခန်းရှိ ဆိုဖာထိုင်ခုံပေါ်တွင် ထိုင်နေသော သူ၏ မေမေ ဒေါ်သစ္စာကို တွေ့လိုက်ရသည်။

“ မေမေ မအိပ်သေးဘူးလား အချိန် နောက်ကျနေပြီလေ... ”

“ သားငယ် ပြန်မရောက်သေးပဲ မေမေ ဘယ်အချိန် အိပ်ဖူးလို့လဲ”

♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡Where stories live. Discover now