Chapter[12]

90 4 0
                                    

အခန်း ၁၂

“ဦးစက်ကွင်း ပန်းနဲ့ပန်းဖေဖေ ဘယ်ဆေးရုံမှာလဲ သိလို့ရမလား ဗျ”

       မင်းမြတ် ကုမ္ပဏီ အပြင်ထွက်ထွက်ချင်း စက်ကို တွေ့လိုက်တာကြောင့် စက်ဆီသွားကာ မေးလိုက်ခြင်း ဖြစ်သည်။

“ မိုးတိမ်. ဆေးရုံကြီးမှာ”

“ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်”

        မင်းမြတ်လဲ စက်ကို နှုတ်ဆက်ကာ ထွက်လာခဲ့သည်။ စက်လည်း အပေါ်သို့ တက်ခဲ့သည်။

“မောင်လေး ပန်းရဲ့ဖေဖေ သတိပြန်ရလာပြီလား ဘာဖြစ်တာတဲ့လဲ”

ဟူး.....

      စက် သက်ပြင်းတစ်ချက် ချကာ သူ၏ ခုံတွင် ၀င်ထိုင်လိုက်ပြီး။

“ မမ... မေမေ တော်တော် ဒေါသထွက်နေလား မိုးသောက်ရော အိမ်ပြန်ရောက်နေပြီလား”

“ ဖြေးဖြေးမေး အသက်ထွက်နေအုန်းမယ် မင်းကို လိမ်ညာထားတာတောင်မှ မင်းက သူမှသူပဲ ဖြစ်နေ မင်း သူ့ကို မုန်းလိုက်ပါလား မောင်လေး”

“ မမက အပျိုကြီးလဲ ဖြစ်နေ ရည်းစားရော ချစ်သူရော တစ်ခါမှ မထားဘူးတာ ကျွန်တော့်ရဲ့ ခံစားချက်တွေကို ဘယ်နားလည်ပါ့မလဲ”

“ အေးပါ အေးပါ... မင်းက ဆယ့်နှစ်မျိုးဟင်းချိုပဲ ခုနကတော့ မိုးသောက်ကို အော်လိုက် ငေါက်လိုက်နဲ့ အခုကျတော့လည်း. တစ်မိုးသောက်တည်း သောက်နေ မင်းရဲ့ကိစ္စကို မင်းဇနီးနဲ့ အိမ်ရောက်မှ ကြည့်ရှင်း အခု ပန်းခြံက စာရင်းတွေ ပေး”

“မသိဘူးလား... ဦးလူတင်ဆီက  ငွေတွေလုသွားတာ”

“ ဟမ်...လုသွားတာတော့ မဖြစ်နိုင်ဘူး ပေးလိုက်တာ နေမှာ ဘာလို့လဲဆိုတော့ တံခါးစောင့်လည်း  ရှိနေတာပဲ ဦးလူတင် ဓားနဲ့ထိုးခံရတာ မပီပြင်လိုက်တာ”

“ အင်း လူဆိုးတွေက ဘယ်လိုလုပ်ပြီးတော့ ဦးလူတင်ရှိနေတဲ့ အခန်းကို သိနေရတာလဲ တံခါးစောင့်ကရော ဘယ်ရောက်သွားလို့လဲ ကျွန်တော်တို့ ပြန်လာတဲ့ အချိန်ထိ တံခါးစောင့်က မရှိသေးဘူးဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲ... မမ တံခါးစောင့် ခွင့်တိုင်းထားသေးလား...”

♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡Where stories live. Discover now