အခန်း ၄
“ဖြေးဖြေး လုပ်ကြပါကွာ တော်ကြာ အနောက်ပြန်လဲကျလို့ အုတ်နဲ့ခေါင်းနဲ့ ဆောင့်ပြီး ခေါင်းကွဲသံ ကြားရအုန်းမယ်”
ထိုသို့ ပြောသူက ပန်းပုပ္ပါးတို့၏ အကိုအကြီးဆုံး ပိုင်ပိုင်။
“ အစ်ကိုကြီးပိုင်ကလဲ ကိုယ့် အစ်ကိုကို ချစ်လို့ ဖက်တာပဲဟာ ဖက်လို့ မရဘူးလား ပန်းတို့ မိသားစုက အစ်ကိုကြီးပိုင်ကို သတိတွေ ရနေတာ”
“ဖယ်စမ်းပါကွာ ... နှစ်ယောက်လုံး အပိုတွေ လာမလုပ်ကြနဲ့ ငါက နင်တို့ဖက်ဖို့ မဟုတ်ဘူး
ငါ့မေမေ ဖက်ဖို့ မေမေ့”ပိုင်ပိုင် ထိုသို့ပြောကာ သူ၏ မေမေကို ပြေးဖက်လေသည်။ ပန်းတို့ ညီအစ်မနှစ်ယောက်က နှုတ်ခမ်းဆူကာ ကျန်နေခဲ့သည်။
“ဖြေးဖြေး ဖက်ပါ သားကြီး ပိုင်ရယ်... သား မင်းညီမတွေကို ပြောသလိုမျိုး သားက အနောက်ကို လဲမကျပဲ မေမေ. လဲကျပြီး ဦးနှောက် ပွင့်နေအုန်းမယ်”
“ အဲ့ဒါပေါ့ မေမေက သားကို မချစ်မှန်း သိသာတယ် ဟိုနှစ်ယောက်ကို ပြောခဲ့တဲ့ စကားနဲ့ ပြန်ချေနေတယ်”
“ စကားပြောပုံကလည်း မိန်းမဆန်လိုက်တာ သားကြီးပိုင် မင်း ခြောက်လာပြီလား နွဲ့နေလိုက်တာများ တကယ့်မိန်းကလေး နှုတ်ခမ်းကလဲ ဆူထားလိုက်သေးတယ်”
“ မေမေကလဲ ဗျာ သားက မခြောက်ပါဘူး မေမေ့အပေါ် ဆိုးချင်လို့ နွဲ့လိုက်တာပါ မဆိုးရဘူးလား ပြော”
“ ဆိုးချင်ရင်လည်း အိမ်ထဲ ရောက်မှဆို”
ဒေါ်ဟေမာန် ပြောကာ အိမ်ထဲသို့ ၀င်သွားလေသည်။
“ ညီမလေးပန်းနဲ့ ညီမလေးစံစံ အစ်ကို့ အ၀တ်စားအိတ်တွေ သယ်ခဲ့”
“မသယ်ဘူး ကွကိုယ်သယ်”
“ ဟုတ်တယ်”
ညီအစ်မနှစ်ယောက် အစ်ကို ဖြစ်သူကို အော်ကာ အိမ်ထဲသို့ ၀င်သွားကြလေသည်။ ပိုင်ပိုင်လည်း အိတ်တွေကို မနိုင်မနင်းဖြင့် အိမ်ထဲသို့ ရောက်အောင် သယ်လာခဲ့သည်။ အိမ်ထဲရောက်တော့ ပိုင်ပိုင် အိတ်တွေက ချလိုက်ကာ။
YOU ARE READING
♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡
De Todoကလေး မရနိုင်တော့တဲ့ မိန်းမတစ်ယောက်ကို လက်ထပ် ပေါင်းသင်းမိလိုက်တဲ့ သူ့ရဲ့ အမှားကို သိသွားချိန် စက်ကွင်း ဖခင်ရဲ့ မိုက်မဲမှုတွေကြောင့် သိန်းတစ်ထောင်နဲ့သူမကို သူ့တစ်ပါးလက်ထဲ ထိုးအပ်လိုက်သော အခါ ပန်းပုပ္ပါး ယောင်းမရဲ့ ချစ်သူနဲ့ မတည့်တဲ့ အချိန်တွေကြားမှာ...