Unicode Part 13

87 2 0
                                    

အခန်း ၁၃

“ညီမလေး မနက်ဖြန် ကျောင်းသွားရမယ်နော် စာမေးပွဲ နီးနေပြီမဟုတ်လား ညကျ အိမ်ပြန်ပြီး အိပ်လိုက်နော် ဆေးရုံမှာက လူနာစောင့် တစ်ယောက်ပဲ စောင့်ရတာ”

“ ဖေဖေက အိပ်ပျော်နေတာ ပြန်မနိုးလာသေးဘူးလား...”

“ ဖေဖေက ပင်ပန်းလို့ အိပ်နေတာပါ။ ညီမလေး အိမ်မပြန်သေးတဲ့ အချိန် နိုးလာရင်လဲ နိုးလာမှာပေါ့ တွေးပြီး ၀မ်းနည်းမနေနဲ့ ကြားလား ဖေဖေက ဘာမှမဖြစ်ဘူး”

“ ဟုတ်ကဲ့ မမ”

       ပန်း သူမရဲ့ ညီမလေးကို ကြည့်ကာ ပြုံးမိသည်။

“ ပန်းလေး ဘာတွေ ကြည့်ပြီး ပြုံးနေတာလည်း”

“ ညီမလေးကို ကြည့်ပြီး ပြုံးနေတာ လာ ထိုင်လေ မမ တစ်ယောက်တည်းလား...”

“ တစ်ယောက်တည်း လာလို့ တစ်ယောက်တည်း မြင်တာပေါ့ ဘယ်နှယောက် မြင်နေလို့လဲ ဧကန်န...တစ်ယောက်ယောက်ကိုများ မျှော်နေတာလား”

“ ဘယ်သူ့ကိုမှ မမျှော်ပါဘူး မမရ ဒီအတိုင်း မေးလိုက်တာပါ ဖေဖေက မေ့ဆေးအရှိန်ကြောင့် ထင်တယ် အခုထိ အိပ်နေတုန်း”

“ အဲ့ဒါဆိုလည်း ပန်းလေးနဲ့ အဖော်အဖြစ် နေပေးမှာပေါ့ ညီမလေးကို ပြန်လွှတ်လိုက်လေ”

“ မမပန်း အိမြတ်က ဖေဖေနဲ့ စကားပြောပြီးမှ အိမ်ပြန်မှာနော်”

“ အင်းပါ မမကလည်း ညီမလေးကို ပြန်မလွှတ်ပါဘူး ဒီမမက စနေတာပါ”

“ မမက မစပါဘူး အတည်ပြောနေတာ”

       နွေ ပန်းရဲ့ ညီမလေးကို ကြည့်ကာ စချင်စိတ်တွေပေါ်လာတာ အမှန်။

“ ဟိုမှာ.မနက်က  လူကြီး မမ ဆေးရုံကို ခဏခဏ ဘာလာလုပ်တာလဲ မသိဘူး”

        အိမြတ်ရဲ့ စကားကြောင့် ပန်းနှင့်နွေ လှမ်းကြည့်လိုက်တော့ စက် ဖြစ်နေသည်။

“Sorry မုန့်ဝယ်နေလို့ နည်းနည်း ကြာသွားတယ်”

“ သူဠေး ပန်းတို့ကြောင့် တော်တော် ပင်ပန်းနေပါပြီ မုန့်မ၀ယ်ပဲ လူပဲ လာရင်ပဲ အဆင်ပြေပါတယ်”

“မုန့်တွေက မမ ၀ယ်ခိုင်းလိုက်တာပါ ပန်းရဲ့ ဖေဖေ မစားလည်း ပန်း ဗိုက်ဆာတဲ့ အချိန် စားလို့ရတာပေါ့ ညီမလေးလည်း စားလို့ရတယ်လေ ဟုတ်တယ်နော်”

♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡Where stories live. Discover now