အခန်း ၂၂
“ ညီမလေး ဒီဝတ်စုံလေးကို အရမ်းကြိုက်နေရင်လည်း ၀တ်ကြည့်လိုက်လေ”
ပန်း စက်ကို ကြည့်တော့ စက် မင်္ဂလာ၀တ်စုံတွေသာ လိုက်ကြည့်နေသည်။ သူ့ အကြိုက်မတွေ့သေးလို့ဟု ပန်းထင်သည်။ ပန်း စက်ကို အရဲစွန့်ပြောရန် စဉ်းစားလိုက်သည်။
“ ဦးစက်ကွင်း... ပန်း ဒီဝတ်စုံလေး ၀တ်ကြည့်လို့ ရမလား...ဟင်၊ ပန်း ခုနက ပြောလိုက်တဲ့ စကားက ဦးစက်ကွင်းကို ရွဲ့ပြောလိုက်တာပါ။ မင်္ဂလာဝတ်စုံကို စိတ်ကူးဖို့ မပြောနဲ့၊ လက်ထပ်လက်စွပ်တောင် စိတ်မကူးဖူးဘူး”
“ မင်း အပိုတွေ လာပြောမနေနဲ့၊ မင်း ၀တ်ချင်ရင် ၀တ်၊ မ၀တ်ချင်ရင် မ၀တ်နဲ့”
“ပြီးရော၊ အစ်မ ပန်း ဒီဝတ်စုံလေး ၀တ်ကြည့်မယ်နော်၊ အ၀တ်လဲခန်းက ဘယ်မှာလဲ အစ်မ”
“ဒီဘက်မှာပါ... ညီမလေး...”
မင်္ဂလာဝတ်စုံ သယ်သွားသော ၀န်ထမ်းမလေးအနောက်သို့ ပန်း လိုက်သွားသည်။ စက်ကလည်း မျက်နှာပြောင်ပြခဲ့သေးသည်။ ပန်း ထွက်သွားတယ်ဆို စက်လည်း ခုံပေါ်မှာ ထိုင်နေလိုက်သည်။
ပန်း သတို့သမီး ၀တ်စုံကို ၀တ်ဆင်တာ ပြီးစီးသွားခဲ့သည်။ ၀န်ထမ်းမလေးတွေ အံ့ဩသွားလောက်အောင် သတို့သမီးဝတ်စုံနှင့် သူမ လိုက်ဖက်လွန်းနေသည်။
“အစ်မ ပန်း လှလား... ဟင်”
“လှတယ်။ ချစ်လည်း ချစ်စရာကောင်းတယ်။ ညီမ သတို့သားတောင် ညီမကို ငေးသွားစေမယ်၊ လာ အပြင်ထွက်ရအောင်”
ပန်း ပြုံးပြကာ သူမရဲ့ ခန္ဓာကိုယ်တွင် ၀ဲကျနေသော ဂါဝန်ကိုမ၍ အခန်းပြင်သို့ ထွက်လာခဲ့သည်။ ပန်း အခန်းထဲမှ ထွက်လာတယ်ဆို စက်ရဲ့ မျက်လုံးတွေ ကျွတ်ကျမတက်အောင် သူမကို စိုက်ကြည့်နေသည်။
စက်ရဲ့ မျက်လုံးတည်းမှာ ပန်းက နတ်သမီးလေးတစ်ဖန် လှပလွန်းနေသည်။ ထို့အတူ စက် ကိုယ်ပေါ်တွင် ၀တ်ဆင်ထားသော သတို့သား ၀တ်စုံလေးနှင့် အလွန်ခန့်ငြားနေသည်။ စက် မျက်တောင် မခပ် ကြည့်နေသောကြောင့် ပန်း ရှက်လာသည်။
YOU ARE READING
♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡
Sonstigesကလေး မရနိုင်တော့တဲ့ မိန်းမတစ်ယောက်ကို လက်ထပ် ပေါင်းသင်းမိလိုက်တဲ့ သူ့ရဲ့ အမှားကို သိသွားချိန် စက်ကွင်း ဖခင်ရဲ့ မိုက်မဲမှုတွေကြောင့် သိန်းတစ်ထောင်နဲ့သူမကို သူ့တစ်ပါးလက်ထဲ ထိုးအပ်လိုက်သော အခါ ပန်းပုပ္ပါး ယောင်းမရဲ့ ချစ်သူနဲ့ မတည့်တဲ့ အချိန်တွေကြားမှာ...