Unicode Part 16

93 0 0
                                    

အခန်း ၁၆

“ ဘယ်လိုလဲ သူဠေးလေး သဘောတူရဲ့လား...၊ အင်းလေး သူဠေးလေးလဲ အကြပ်ရိုက်နေမှာပေါ့၊ သေချာစဉ်းစားပါ။ ကျွန်တော်တို့ဘက်ကတော့ အမှားမလုပ်ချင်ပါဘူး၊ သမီးပန်းလေးက ကျွန်တော့် စကားဆို နားထောင်ပြီးသားမို့ စိတ်ပူစရာ မလိုပါဘူး”

“ကောင်းပြီလေ၊ ကျွန်တော် ပန်းပုပ္ပါးကို လက်ထပ်မယ်၊ လူသိရှင်ကြား ကြေငြာမယ်၊ ပန်းပုပ္ပါး သိက္ခာကျအောင် မလုပ်ပါဘူးလို့ ကတိပေးပါ။ နောက်ပြီး ကလေးမွေးပေးပြီးရင်လဲ ပန်းပုပ္ပါးက ကျွန်တော့် ဇနီးအဖြစ် ဆက်ရှိပေးနေရမယ်၊ ဘယ်လိုလဲ”

“ စိတ်ချပါ... သူဠေးလေး... ”

       စက် ခေါင်းညိမ့်ပြကာ ထွက်လာခဲ့သည်။ ယခုချိန် ပန်းပုပ္ပါးသည် စက်ရဲ့ အတွေးတွေထဲမှာ နေရာယူနေသည်။ သူသည် ၀န်မခံရဲသော အမှားတစ်ခုကို လုပ်လိုက်ပြီ မဟုတ်လား။ သူ ပန်းပုပ္ပါးကို ငွေနဲ့ဝယ်သလို ဖြစ်နေခဲ့သည်။ ပန်းပုပ္ပါးလည်း သူ တွေးထားသလို ထင်သွားမှာ စိုးရိမ်နေခဲ့သည်။ သူ ပန်းပုပ္ပါးကို လက်မထပ်လျှင် ပန်းပုပ္ပါးကို သူ့ကဲ့သို့ပင် သူ့တစ်ပါး လက်ထဲကို ထည့်အုန်းမယ်ဆိုတာ ကြိုသိနေသသည်။ ဦးလူတင်ဆိုတာ ပိုက်ဆံရဖို့အရေးဆို ဘာမဆို လုပ်မယ့် ဖခင် တစ်ယောက်ပင်။

“ သူဠေးလေး... သူဠေးလေး...သူဠေး... သူဠေးလေး...”

       ဒေါ်ဟေမာန် စက်ရဲ့ အနောက်ကို ပြေးလိုက်လာသည်။

“ သူဠေးလေး... သူဠေးလေး... သူဠေးလေး...သူဠေးလေး... ”

       စက် ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ ဒေါ်ဟေမာန်ကို တွေ့လိုက်ရသည်။ စက် ဒေါ်ဟေမာန် သူ့ဆ်ီအရောက်ကို မတ်တပ် ရပ်စောင့်နေလိုက်သည်။ သူ့ အနားရောက်လာတော့ ။

“ ဒေါ်ဟေမာန်... ကျွန်တော့်ကို ဘာပြောစရာရှိလို့လဲ”

“ သူဠေးလေး ဖြစ်ပျက်ခဲ့သမျှတွေအတွက် ကျွန်မဘက်က တောင်းပန်ပါတယ်။ အကြွေးတွေ မဆပ်နိုင်လို့ သမီးပန်းလေးနဲ့ လက်ထပ်ရတယ်ဆိုတဲ့ အကြောင်းကိုမပြောပဲ၊ သဘောရိုး ဒီအတိုင်း လက်ထပ်ရတယ်လို့ပဲ ပြောပေးပါ။”

♡ဦးရဲ့ အချစ်တွေနဲ့ ရှေ့ဆက်မယ် ♡Where stories live. Discover now