အချိန်ကား မနက်ခြောက်နာရီ၊ရောင်နီပျိုးကာစ။တချို့တစ်လေကတော့အိပ်ကောင်းရင်ကောင်းပါလိမ့်မည်။ကြာညိုတို့ညီအစ်မကတော့ လှေတစ်စင်းနှင့် ကြာပန်းခူးနေရသည်။
အမိုးနှင့်အဘကအင်းသူ၊အင်းသားတွေပဲမလို့ ကြာညိုတို့ညီအစ်မကို ရေနှင့်မဝေးသည့်ပန်းနာမည်ကိုမှည့်ပေးခဲ့တာဟု ဦးကြီးကပြောသည်။
"အကြီးမကကြာညို၊အငယ်မကကြာဖြူ
ဘယ့်နှယ့်လဲ ...ငါ့သမီးနှစ်ယောက်က ဟောဒီ့အင်းရေပြင်နဲ့မစိမ်းသက်ဘူးမလား။"
ကြာညိုအတွေးများကိုရပ်ကာ ခူးလက်စ
ကြာဖူးဆီအကြည့်ပို့လိုက်သည်။
"ညီမလေး ဓါးရှမယ်နော်။"
"သိပါ့ နေ့တိုင်းလုပ်နေကြပဲ အစ်မကိုကစိတ်ပူလွန်း...."
ဘုကလန့်ပြန်ပြောသည့်ညီမငယ်ကြောင့်သူမပြုံးလိုက်မိသည်။အဘနှင့်အမိုးက ကြာညိုတို့ညီအစ်မငါးနှစ်သမီးအရွယ်ကတည်းက ရှေ့ဆင့်နောက်ဆင့်ဆုံးသွားသဖြင့် ဦးကြီးကပဲ စောင့်ရှောက်လာရသည်။ဒီတော့ကာ ရှိတဲ့ညီမလေးကိုကြာညိုစိတ်ပူတာမမှားဘူးလို့ထင်သည်။
"ဒီလောက်ဆိုမရဘူးလား အဖြူဗိုက်ဆာလှပေါ့ မနက်ကတည်းက ထမီအစိုကြီးနဲ့လည်းထိုင်နေရသေးတယ်။"
"အင်းပါညီမလေးရဲ့ ဗိုက်ဆာပြီဆိုရင် အိမ်ပြန်မလား အစ်မဟိုဘက်ခြမ်းလိုက်ပို့ပေးမယ်လေ ကြာပန်းကတော့လိုသေးတယ်...ဒါရောင်းမှထမင်းနပ်မှန်မှာပေါ့ညီမလေးရဲ့ဦးကြီးကိုပဲမှီခိုနေလို့မရဘူးလေ။"
"အစ်မပဲဆက်ခူးလိုက်မယ်နော်။"
ဒါဟာကြာညို့အကျင့်တစ်ခုပင်။ညီမငယ်ကိုသိပ်ဦးစားပေး၊အပစားပေးလွန်းသည်။
လှော်တက်ကိုအားပြု၍ လှေကလေးကိုတစ်ဖက်ကမ်းသို့ထိုးလှော်ရသည်။ကမ်းဆိုသည်ကား ကမ်းခြေလိုမဟုတ် ။အင်းရေပြင်မှာတံတားသဖွယ်ထိုးထားသည့်ရေကပြင်လေးရှိရာပင်။
"ဘုရားကိုမလာနဲ့တော့နော် အစ်မပဲသွားရောင်းခဲ့မယ် ထမီအစိုကိုလဲထား။"
လှေပေါ်မှပင်အော်လိုက်ရသည်။ညီမငယ်ကတော့အင်းမလုပ်၊အဲမလုပ်ဖြင့် ထွက်သွားရှာပြီ။ထုံးစံအတိုင်း ကြာပန်းဆက်ခူးရမည်။အဖူးကသပ်သပ်၊အပွင့်ကသပ်သပ်၊ကြာခွက်ကလည်းရောင်းလို့ရသေးတာပဲ ။
VOCÊ ESTÁ LENDO
အင်းရေပြင်ကမောင့်ကြာညို
Romanceဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။
