"ဒါနဲ့ နင်ဒီကိုကျတော့လာပြီး ဟိုလူတွေကိုဘာလို့သွားမသတ်တာလဲ ငါတို့ကနင့်ကိုသတ်တာမှမဟုတ်တာ။"
ဒေါ်လေးဟာ ဘုန်းဘုန်းအနောက်မှသူသိချင်သည်ကိုလှမ်းမေးလိုက်သည်။
"သွားလို့မရဘူး အဖြူ့ ဗိုက်ထဲက ကလေးကိုစိတ်စွဲပြီး အဲ့ဒီ့ခန္ဓာကိုယ်မှာပဲ နေနေရတယ်။ အဖြူ့ခန္ဓာကိုယ်ကိုပြန်မရမချင်း ဘယ်မှသွားလို့မရဘူး အခုလည်းအဖြူက အစ်မခေါ်လို့ လိုက်လို့ရခဲ့တာပါ။"
"အစ်မအစ်မဘယ်လိုဖြေရမှာလဲ ဟင် အစ်မညီမလေးကောင်းစားနေပြီထင်တာ သာယာနေပြီထင်တာလို့ ဆင်းဆင်းရဲရဲမဟုတ်ပဲ ဝတ်ကောင်းစားလှနဲ့နေနေရပြီထင်တာ ညီမငယ်ရဲ့"
"အစ်မအမှားတွေ အစ်မဒီ့ထက်ပိုပြီးအလုပ်ကြိုးစားခဲ့ရမှာ။"
ကြာညိုဟာ ပြောလည်းပြောငိုလည်းငိုနှင့်ဖြစ်နေရှာသည်။သူ့ညီမ၏မျက်နှာကိုတောင်စေ့စေ့မကြည့်နိုင်။ကြာဖြူ့မျက်နှာတစ်ခါမြင်ရလျှင်သူ့ရင်ကိုဓါးနဲ့မွှန်းနေသလိုပင်။ဒီလောက်လှတဲ့မျက်နုနု သူ့လက်နဲ့တောင်မရိုက်ရက်တဲ့မျက်နှာကိုမှ။
"ဒကာမလေး လူသေရင် ပုပ်တယ်ကွဲ့ အဲ့ဒါကိုမှ ရေထဲမှာသေဆုံးတဲ့လူဟာ ပိုအပုပ်မြန်တယ် ဘုန်းဘုန်းသိချင်တာက ဒကာမလေးရဲ့အလောင်းက ဘာလို့များရေအောက်မှာလဲသေဆုံးမှတော့ ရေပေါ်မှာပေါ်ရမှာပေါ့"
"တပည့်တော်မရဲ့ခြေထောက်နဲ့လက်ကို အုတ်ခဲနဲ့ ကြိုးချည်ထားတာပါဘုရား တပည့်တော်မဘယ်လိုမှလှုပ်မရခဲ့ပါဘူးဘုရား။"
"တပည့်တော်မ ရေထဲမှာနေရတာ အရမ်းချမ်းတယ်...အစာလည်းရှာစားလို့မရဘူးဘုရား။"
"အေးကွယ် ပရလောကသားတွေရဲ့ဘဝက တကယ်တော့သနားစရာပါ အခုရော ဒကာမလေးဘယ်လိုဖြစ်စေချင်လဲ ဒီကမိသားစုတွေကိုသေချာပြောပြ။"
"တပည့်တော်မရဲ့ကံကြောင့်ရော မသေဆုံးခင်ကအတိတ်ကြောင့်ရော ကျွတ်နိုင်မှာမဟုတ်ပါဘူးဘုရား အဲ့ဒါကြောင့် နေစရာလိုချင်တာပါ...အစာရှာရတာလည်း အ အရမ်းခဲယဉ်းလို့ပါဘုရား ။"
"ညီ ညီမလေး အစ်မနဲ့အတူနေနော် အရင်အတိုင်းအစ်မပန်းရောင်းကျွေးမယ် အစ်မညီမလေးကို ဒီဘဝမျိုးနဲ့မထားနိုင်ဘူး အရင်အိမ်မှာပြန်နေကြမယ်နော် အစ်မညီမလေးလိုချင်တာမှန်သမျှဝယ်ပေးမယ် အစ်မနဲ့ပဲနေပါနော် ။"
BINABASA MO ANG
အင်းရေပြင်ကမောင့်ကြာညို
Romanceဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။
