"ကြာညို အဝတ်မြန်မြန်လဲ မောင်ကားထုတ်ထားမယ်နော်။"
"အလောတကြီးနဲ့ သားဖို့နို့ဘူးဖျော်ရဦးမယ်မောင်ရဲ့။"
"သားကိုဒေါ်လေးကကြည့်ထားလိမ်မယ် ကြာညိုက အဝတ်သာအမြန်လဲ ပြောလို့မရဘူးလေ အပျိုကြီးကသွေးဆုံးကိုင်ချင်နေတာနဲ့ စိတ်ကမမှန်ဘူး။"
"မောင်နော် ကိုယ့်ဒေါ်လေးကို။"
မောင့်လက်မောင်းအားခပ်ဆတ်ဆတ်ကလေးရိုက်လျက် ဟန်မူပိုမိသည်။
"ကဲပါ လဲထားနော် မောင်ကားထုတ်တာနဲ့ကွက်တိပဲ။"
မောင်ဟာအရမ်းကိုလောနေသည်မလို့ကြာညို့မှာပင် ခွေးလိုက်ဆွဲသလိုအဝတ်ဝတ်နေရသည်။ ဘာမှပြင်ဆင်စရာမရှိသည်မလို့မောင်ပြောသည့်အတိုင်းကွက်တိပင်။
"ဘယ်သွားချင်လဲကြာညို။"
"ရှင် ကြာညိုမသိဘူးလေမောင်။"
"အင် မောင်တို့ သမီးရည်းစားလုပ်ကြမလား အဟင်း... မောင့်ကြာညိုက မောင်နဲ့တောင်ကောင်းကောင်းမလည်ခဲ့ရဘူးလေ အဲ့ဒီ့တော့ ဒီနေ့ မောင်နဲ့ကြာညိုက ပထမဆုံး ဒိတ်တယ်လို့သဘောထားလိုက်။"
မောင်ဟာ သူ့လည်ဂုတ်အားပွတ်လျက်ရှက်ရမ်းရမ်းနေပါသေးသည်။
"ဒိတ်တာက ဘာလဲမောင်။"
"ဟင်"
"ဟို ကြာညိုမသိလို့ပါ။ "
"အဲ့ဒါကဟိုလိုလေ အတွဲတွေလျှောက်လည်တာကိုခေါ်တာ။"
"ဪ အစောကတည်းကပြောရင်ပြီးနေပြီ မောင့်သဘော ..."
"ဒါဆို ကြာညိုနဲ့သားလေးအတွက်
အင်္ကျီသွားဝယ်မယ်နော် ပိစိလေးအတွက်နို့မှုန့်ကုန်တော့မယ်။"
"ဟုတ်ကဲ့ မောင်။"
မောင်ဟာခေါင်းတညိတ်ညိတ်နှင့်ပင် ကားစက်နှိုးလိုက်သည်။အခုမှချစ်ကာစကြိုက်ကာစ လိုကျီဇယ်နေသူနှစ်ဦးကတော့ ခပ်ပြုံးပြုံးဖြင့် သာ။သူတို့မသိလိုက်သည်တစ်ခုက။
"မြေးလေး နင့်အမေနှစ်ယောက်ကိုလိုက်ချောင်းကြရအောင်။"
~~~~~~~~~~~~~~
"မောင် တအားများနေပြီမဟုတ်ဘူးလား မဆိုင်တာတွေလည်းလျှောက်ဝယ်နေတာပဲ။"
YOU ARE READING
အင်းရေပြင်ကမောင့်ကြာညို
Romanceဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။
