"ဘယ်ကိုသွားနေတာလဲမောင်။"
" မောင့်အိမ်ကိုလေ။"
"ဘာလို့လဲမောင်.... ကြာညိုအိမ်ပဲပြန်မယ်။"
ကြာညိုဟာဒေါသသံ ကလေးစွတ်၍သူ့အားအော်လာသည့်အခါနားလည်အောင်ရှင်းပြရသည်။
"ကြာညို့ကို မောင်ကအတင်းအိမ်ခေါ်တာမဟုတ်ပါဘူး အရင်ကညီအစ်မနှစ်ယောက်နေတယ်လေ အခုက ကြာညိုတစ်ယောက်ထဲ မိန်းမသားတစ်ယောက်ပဲရှိတဲ့အိမ်ကဘယ်လိုလုပ်ပြီးလုံခြုံမှာလဲ.... ပြီးတော့ ရေထဲမှာလေ တစ်ခုခုဆိုကုန်းပေါ်လို ပြေးလို့မရဘူးကြာညိုရဲ့။"
"ဒီတစ်ခါတော့ မောင့်စကားကိုလက်ခံလိုက်ပါ ကြာဖြူပြန်လာခဲ့ရင် ညီအစ်မနှစ်ယောက်ပြန်နေလေ နော်။"
"အင်းပါ။"
ကြာညိုဟာဘာမှဆက်မပြောတော့ပဲငိုင်ငိုင်ကလေးထိုင်နေခဲ့သည်။အခုအချိန်မှတော့ဘယ်သူနဲ့မှစကားမများချင်။သူ့ညီမလေးအကြောင်းသာတွေးမိနေသည်။
သူမမျက်စိထဲကလေးတစ်ယောက်လိုထားထားခဲ့တာ။အခုတော့ဖြင့်ယောကျာ်းတစ်ယောက်နဲ့ ......မစားရက်မသောက်ရက်ခြစ်ကုပ်စုပြီးကျောင်းထားခဲ့တာ ။ဆင်းရဲတယ်ဆိုပြီး ဒီအစ်မရင်ခွင်ကိုစုံကန်သွားပြီ။
ဝဋ်လည်လိမ့်မယ်ကြာဖြူ။
"ကြာညို....ဆင်းမယ်လေ ကြာညို။"
"ဟင် မောင်။"
"ဆင်းမယ်လေ ဟိုဘက်အခြမ်းမှာမောင့်ကားရပ်ထားတယ်။"
"ဟုတ်ကဲ့။"
ငိုင်တိုင်တိုင်ကလေးမလို့သူစိတ်မရှည်။ကြာညို့ကိုတွဲကာ ကားဆီလျှောက်လာရသည်။မဟုတ်ရင်ဒီမိန်းကလေးလဲကျတော့မည်။
မိနစ်အနည်းငယ်မောင်းလိုက်ယုံနှင့် သူ့အိမ်ရောက်လာသည်မလို့သိပ်မဝေးသည့်အိမ်ကိုပဲကျေးဇူးတင်လိုက်သည်။
"ဒေါ်လေးရေ! ကြာညိုပါတယ်။"
ကားမှန်ကိုချရင်းအော်လိုက်တော့ အိမ်ထဲကဒေါ်လေးကထူးသည်။
"ဟေ..."
"လာဆင်း ကြာညို။"
ကားတံခါးဖွင့်ပေးသည့်အခါ သူ့ဘာသူအလိုက်တသိလေးထွက်လာသည်။ဒီပုံစံဟာအဆူခံထားရလို့ငြိမ်ကုပ် နေသည့်ကလေးတစ်ယောက်လိုပင်။
ВЫ ЧИТАЕТЕ
အင်းရေပြင်ကမောင့်ကြာညို
Любовные романыဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။
