"နော်.....မောင်မောင် နော် မောင်။"
"မရဘူး။"
"မောင်ကလည်း....မောင်ကလည်း ဒေါ်လေးက ကလေးချီချင်တာတဲ့။"
"ချီချင်ရင်သူ့ဘာသာမွေးပါ့လား ဘာလို့ကြာညို့ကိုမွေးခိုင်းနေတာလဲ။"
မနက်စောစောအနားကမခွါနားပူနားဆာတိုက်လျက် တအားကိုကလေးမွေးချင်နေသယောင်။ဖြစ်စဉ်ကား ဒေါ်လေးကညှောင့်လိုက်ခြင်းပင်။သူပျင်းတိုင်း အလုပ်တစ်ခုရအောင်ကလေးထိန်းချင်လို့ကြာညို့ကို မဲဆွယ်ထားသည်။
"မောင်ကလည်း ဒေါ်လေးကမှအပျိုကြီးကို။"
"အဲ့ဒါဆိုလည်းအပျိုကြီးပဲလုပ်လေ အားအားယားယား။"
"မောင်ကတော့ မောင့်! တော်ကကျုပ်ကိုမချစ်တော့တာများလား။"
"မရဘူးနော် ကြာညို့အသက်ငယ်နေသေးတယ် မောင်ပေးမမွေးဘူး။"
"အဲ့ဒီ့ငယ်တဲ့ကျုပ်ကိုတော်ပဲယူထားတာလေတော်ကကျုပ်ကိုမချစ်ပါဘူး။"
"ဘယ်လိုလဲနော် နှုတ်ခမ်းကတထော်ထော် တော်နဲ့ကျုပ်နဲ့ပြောနေပါလား ပါးစပ်မဟနိုင်အောင်ကိုမောင်ချစ်ပစ်လိုက်ရမလား။"
ချစ်ပစ်လိုက်မယ်ဆိုသည့်အခါ ကြာညို့ကိုယ်ကလေး ကျုံ့ကာ ဇတ်ကလေးပုဝင်သွားသည်။မောင်ကတအားကြမ်းသည်။တစ်ခါတလေများ၌ ကြာညို့အသားဟာ လှုပ်မရအောင် နာနေတတ်သည်။မောင့်ကြောင့် မောင့်ကြောင့်ပင်။
"ဒါဖြင့်....ကလေးမမွေးရဘူးပေါ့ ဟုတ်လားမောင်။"
"ဟုတ်တယ် "
ကြာညိုဟာ ထိုင်နေသည့်သူ့အနား တဖြေးဖြေးတိုးကပ်လာသည်။သူ့ပေါင်ပေါ်ဘေးတစောင်းအနေအထားဖြင့်တက်ထိုင်သည်။လက်တစ်စုံဟာ လည်ဂုတ်အားသိုင်းဖက်ထားသည်။ရိုးရိုးအအသူ့မိန်းကလေးကိုဒီလိုအမူအကျင့်တွေလုပ်ဖို့ဒေါ်လေးကပဲလမ်းညွှန်လိုက်တာဖြစ်ရမည်။
"ကလေးမွေးစားကြမလားမောင်။"
"ဟမ်။"
"ဘယ်လိုပဲဖြစ်ဖြစ် ကြာညိုမွေးလည်း မောင့်သွေးသားကိုရမှာမှမဟုတ်ပဲ မောင့်သွေးသားကိုမရမယ့်အတူတူမောင့်မေတ္တာနဲ့ရတဲ့ကလေးတစ်ယောက်တော့လိုချင်တယ်။"
BINABASA MO ANG
အင်းရေပြင်ကမောင့်ကြာညို
Romanceဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။
