"ဟော ကြာညိုလေးတောင်ဆင်းလာပြီဒေါ်လေးထမင်းခူးထားတယ်သမီး"
" လာ ဒီမှာထိုင် ဘာမှအားနာစရာမလိုဘူးနော် ကိုယ့်အိမ် ကိုယ့်အဒေါ်အရင်းလိုသဘောထား။"
"ဟုတ်ကဲ့ဒေါ်လေး ဟို မောင်ရောဟင်။"
"အဲ လာလိမ့်မယ်ဟင်းခါးသွားထည့်နေတယ် သူကအရည်သောက်မပါရင်ထမင်းမစားဘူး အလကား ဂျီးထူမ။"
"မောင့်အကြောင်းဘယ်သူပြောနေတာလဲဝေ့လက်တောင်ပူသွားတယ်။"
ဟင်းရည်ပူပူပန်းကန်ကိုအလျင်အမြန်သယ်လာသည့်မောင်ဟာသူ့လက်ပူမှာကြောက်နေသည့်သယောင်။
"မစားကြသေးဘူးလား မောင့်ကိုစောင့်မနေနဲ့လေ။"
မောင်ဟာကြာညို့ဘေးကသူ့နေရာ၌ဝင်ထိုင်၍ပြောသည်။
"ဟို ကြာညိုဒေါ်လေးကိုဦးချမယ်နော်။"
ကြာညို့အရှေ့က ပန်းကန်ထဲမှကြက်သားတစ်တုံးအားဒေါ်လေးပန်းကန်ထဲဦးချသည့်အခါ ခပ်ပြုံးပြုံးနှင့်ခေါင်းညိတ်ပြသည်။
မောင့်ပန်းကန်ထဲကိုလည်းဟင်းခတ်ပေးသည့်အခါ "ကြာညို ရောစားလေ"ဟုသာပြောနေပြန်သည်။
"ငါ့သမီးလေးရောက်လာမှဦးချတာစားရတော့တယ် အိမ်ကဟာကတော့ ဖုတ်ဝင်နေသလိုပဲ အစားဆို တန်းပါးစပ်ထဲသွတ်တာ။"
"ဟုတ်လား ဒါဆို မောင်ကဗိုက်ဆာနေလို့နေမှာပေါ့ဒေါ်လေးရဲ့။"
ကြာညိုအနည်းငယ်ရယ်မိသည့်အခါ မောင်ကမျက်မှောင်ကျုံ့ပြသည်။
"လူကိုလာမရယ်ကြနဲ့နော် ဘာမှတ်နေလဲ။"
"အဟီး မောင်ပြောမှပိုရယ်ချင်လာပြီ ။"
"ကြာညိုနော်။"
သူ့ကိုလိုက်စနေသည့်မိန်းကလေးအားအသည်းယားလွန်းလှသည်။တစ်ခါမှဒီလို ရယ်တာမျိုးသူမမြင်ဖူးဘူး။ဒေါ်လေးရှိလို့သာပေါ့ မဟုတ်ရင်တော့လား။
"စားကြစားကြ သမီးလေးလည်းထည့်စားနော် ဒါကအဲ့မယ် ဖုတ်ဝင်နေတဲ့သူဖုတ်ထားတဲ့ ခရမ်းသီးသုတ်။"
"ဟုတ်ကဲ့ဒေါ်လေး။"
"ဟွန်း။"
ထမင်းစားပြီးသည့်အခါ ပန်းကန်ဆေးသည့်အလုပ်ကို ကြာညိုကတာဝန်ယူသည်။
အားနာလို့ပါတဲ့လေ။
YOU ARE READING
အင်းရေပြင်ကမောင့်ကြာညို
Romanceဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။
