အပိုင်း(၂၄)

11.9K 931 326
                                    

"ကြီးတော်ရီး။"

"ဘာတုန်း။"

"အဖြူကဒီအတိုင်းကြီးနေရမှာလား။
ချမ်းတယ်နော်။"

ပေတိပေစုတ်သူ့အင်္ကျီအားလက်ညှိုးထိုးပြကာ မျက်နှာသေဖြင့်ပြောနေသည်။

"အဲ့တော့ငါကဘာလုပ်ပေးရမလဲ။"

"အင်္ကျီဝယ်ပေးလေ။"

"နင့်အစ်မသွားပြော ကြွ! အောက်ထပ်မှာရှိတယ်။ငါ့အရှေ့ကမြန်မြန်ကြွ။"

"ကြီးတော်ရီးလိုက်ခဲ့လေ။"

"နင်ဟာလေ သရဲဖြစ်တာတောင် ငါ့ကိုအတော်ဒုက္ခပေးတာပဲ။"
"ခုနကတစ်အိမ်လုံးကိုပတ်ခြောက်တာနင်မှဟုတ်ရဲ့လား။"

ဆူပုတ်ပုတ်ဖြင့် ထကာရှေ့မှသွားမိတော့ ခေါင်းငိုက်ငိုက်ဖြင့်လိုက်လာခဲ့သည်။ဘယ်လိုပဲပြောပြော ဒီရုပ်ဟာအခုထိအတော်ကြောက်ဖို့ကောင်းသည်။လှည့်ကြည့်လှည့်ကြည့်နှင့်ခပ်သုတ်သုတ် လျှောက်လိုက်တော့သူကပါ ခပ်သုတ်သုတ်လိုက်လာသည်။
ဒီ့ထက်ပိုပြီး ခပ်မြန်မြန်လျှောက်တော့သူကပါခပ်မြန်မြန်လိုက်လာသည်။

"နင် ဘာလို့အဲ့ဒီ့လောက်လိုက်နေတာလဲ!
ကြာညိုရေ...!။"

လော်စပီကာမိုင်ကုန်အသံဖြင့်အော်ကာ မီး
ဖိုချောင်ထဲအော်ပြေးရပြန်သည်။

"ကြီးတော်ရီး....ဘာလို့ပြေးနေတာလဲ။"

"နင်လိုက်လို့လေ!!!။"

"ကြီးတော်ရီးက ပြေးလို့လေ။"

ပြေးရင်းလိုက်ရင်းပြေးရင်းလိုက်ရင်းနှင့်ပင်မီးဖိုချောင်ထဲရောက်လာသည်။ကြာညိုဟာအခုမှမီးမွှေးပြီးသဖြင့် ချွေးတလူလူဖြစ်နေရသည်။ချစ်ရသည့်သူကတော့ ယပ်တောင်ကလေးနှင့် ယပ်ခပ်ပေးရင်းပါပဲ။ငိုထားသည့်အတွက် ကြာညို့မျက်ခွံများဟာဖောင်းအစ်နေသယောင်။

"ကြာညိုရေ..!!။"

မီးဖိုချောင်သို့အပြေးတပိုင်းဝင်လာသော်ငြားကြာညိုကတော့ညီမဖြစ်သူကိုသာမြင်သည်။အင်္ကျီ စုတ်စုတ်၊ မျက်နှာစုတ်စုတ် ၊အချောအမောသူ့ညီမဟာ ဒီလောက်ထိဖြစ်သွားခဲ့သည်။တွေးရင်းပင် ရင်တဒိတ်ဒိတ်မျက်ရည်ကဝေ့တက်လာ၏။

အင်းရေပြင်ကမောင့်ကြာညိုحيث تعيش القصص. اكتشف الآن