ကြာပန်းထည့်ထားသည့် လက်ဆွဲပုံးနှစ်ပုံးဖြင့် အတ္တမောင်မှာတိုင်ပတ်လွန်းလှသည်။တချို့ကကွက်ကြည့်ကွက်ကြည့်နှင့်ပင်။
ဘုရားပေါ်မှာကလည်း လူကြပ်လွန်းလှသဖြင့် ဘယ်နားပန်းကပ်ရမလဲတောင်မသိချေ။ထိုအချိန်ကျောမှ ဖပ်ခနဲ စပ်ဖြင်းဖြင်းအထိအတွေ့ကိုခံစားလိုက်ရသည်။
"ဟာ ဒေါ်လေး။"
"ငါ့မှာတော့လိုက်ရှာလို့ နင်ကဒီပုံးနှစ်ပုံးနဲ့ဘာလုပ်နေတာလဲ အချိန်မှမရပါဘူးဆို။"
ဒေါ်လေးက နေရောင်ထိုးနေသည့်သူ့မျက်နှာအားလက်ဖြင့်ကာထားသည်။
"ကြာပန်းကပ်မလို့ နေရာရှာနေတာ လူကလည်းတိုးကတိုးနဲ့။"
"ဟိုမှာ...စနေထောင့်မှာလွတ်တယ် ကပ်သာကပ်ခဲ့တော့ ခဏနေကားထွက်တော့မှာတဲ့။"
"မြန်မြန်လုပ်နော် လှေပေါ်ကစောင့်နေမယ်ငါခေါင်းတွေမူးလို့။"
"သွားသွား။"
နှဖူးကိုလက်ဖြင့်ကာ၍ ဒေါ်လေးတစ်ယောက်ထွက်သွားကာမှဘုရားပန်းကပ်ရန်နေရာရှာရသည်။စနေထောင့်မှာလွတ်ပေမယ့် ပန်းအိုးကမရှိ။ကြာနေမည်စိုးသဖြင့် အနီးနားကကလေးတစ်ယောက်ကို ပန်းအစည်းလိုက်ပေးခဲ့တော့မည်။သူတို့လည်းပြန်ရောင်းရင် ရောင်းလိမ့်မည်။ပုံးကိုတော့ပေးလို့မဖြစ်။
"သားလေး ဒီပန်းတွေပြန်ရောင်းလိုက်နော်။အများကြီးပဲဆိုတော့ မနိုင်ရင်တစ်ခြားကလေးတွေပါခွဲပေးလိုက် နိုင်ရဲ့လားမင်းက။"
"ရတယ်ဦး။"
"ဟမ်။"
လက်မြှောက် တာ့တာပြကာခပ်ပြုံးပြုံးနှင့်ကြာပန်းပွေ့၍ထွက်သွားသည့်ကလေးကိုကြောင်ကြည့်လျက်သားဖြစ်သွားသည်။
ယောကျာ်းလည်းမဟုတ် ယောကျာ်း စိတ်လည်းမဟုတ်ပါပဲသူ့ဘာသာလွတ်လွတ်လပ်လပ်နေသည်ကိုဦးတဲ့။
"ကောင်းကျိုးမပေးတဲ့ဟာလေး!။"
ဘုရားပေါ်မှာ ကုသိုလ်ကတော့ရဦးမည်။
လှေရှိရာသို့ပြန်သွားရမည်မလို့ အသိစိတ်ကနွေးခနဲ။စောင်းတန်းမှပြန်ဆင်းတော့ ကြာညိုဟာ ထမင်းပန်းကန်လေးကိုင်လျက်ဟိုငေးဒီငေး။
ESTÁS LEYENDO
အင်းရေပြင်ကမောင့်ကြာညို
Romanceဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။
