တစ်မနက်လုံးရန်ဖြစ်နေကြသူနှင့် ချစ်နေကြသူ၊သူ့ဟာနှင့်သူတော့ဟုတ်နေသည်။ကြာညို၏ဟင်းချက်ခြင်းဟာ သိပ်မကြာခင်မှာပြီးသွားသည်မလို့ ထမင်းစားပြီးသောက်ပြီး ဧည့်သည်တွေကိုပြန်ဖို့ ကားစီစဉ်ပေးရသည်။
ကိုယ်တွေ ကတော့အကြောင်းသိပေမယ့် သူတို့ကတော့ကြောက်ကြလိမ့်မည်။
အကုန်အပြီးစီး လိုက်လုပ်ပြီးမှ အချိန်ဟာ ညနေသုံးနာရီကိုညွှန်ပြနေခဲ့သည်။
"မောင် ကြာညိုတို့ရဲစခန်းသွားရအောင်လေ။"
"ကြာဖြူ့ကိစ္စလား။"
"ဟုတ် ညီမငယ်အတွက်မတရားတာမောင်လည်းသိရဲ့နဲ့ ကြာညိုဒီအတိုင်း မထားခဲ့နိုင်ဘူး။"
"မောင်သိပါတယ် ဒါပေမယ့် စဉ်းစားကြည့်လေ မောင်တို့မှာဘာသက်သေရှိလဲ ကြာဖြူဆိုတာလည်း ဝိဉာဉ်သာသာပဲ သက်သေအခိုင်အလုံကဘယ်လိုမှရမှာမဟုတ်ဘူးအလောင်းတောင် ရေအောက်မှာလေ။"
ကြာညိုဟာသူ့စကားကြောင့်အနည်းငယ်မှိုင်ထွေသွားသည်။သူ့ညီမအတွက်တရားမျှတမှုတော့ လိုချင်မှာအမှန်။တကယ်ကိုလည်းသက်သေကမရှိ။
"မောင့်မှာအကြံရှိတယ်။"
"ဘယ်လိုအကြံများလဲမောင်။"
"မောင်တို့မှာသက်သေမရှိဘူး အလောင်းတောင်ရှာမတွေ့ဘူးလေ ဟိုဘက်ကလည်း ငွေရှိတယ်ဆိုတော့ ရဲတိုင်လည်းဘာမှမထူးဘူးမောင့်ကြာညိုရဲ့ ငွေများတရားနိုင်တဲ့ အဲ့ဒီ့တော့ မောင်တို့ကသူကိုယ်တိုင်ဝန်ခံလာအောင်လုပ်ရမယ်။"
"ဘယ်လို။"
"ဟုတ်တယ် မောင်တို့ကြာဖြူ့ကိုပြန်အသုံးချရမယ် မောင်တို့တောင်ဒီလောက်ကြောက်လန့်နေရင်လေ အင်းသူဌေးများဆို သေလောက်တယ်။"
"ဟုတ်သားပဲမောင် အဲ့ဒါ အဲ့ဒါမဆိုးဘူး ညီမငယ်ကိုပြောပြရမယ်။"
ခပ်မြူးမြူးလေသံတဖန်ပြန်ဖြစ်ကာ သူ့ညီမငယ်ထံသတင်းပို့ရန်ပြင်နေပြန်သည်။
"ဒီလိုတော့ဘယ်ရမလဲ။"
"အို..အမေ့"
မောင်ဟာ ကြာညို့အား ခါးမှပင့်၍ ပေါင်ပေါ်ထိုင်စေသည်။သိပ်မလေးသော်ငြားအခုလိုပုံစံကိုတော့အရှက်ပိုမိသည်။
YOU ARE READING
အင်းရေပြင်ကမောင့်ကြာညို
Romanceဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။
