"ကြာညို.....မောင်တို့ ချစ်ကြမလား။"
"မောင် သားလေးအနှီးတွေ လျှော်ပြီးပြီလား။"
"မောင်အိပ်ပြီ။"
မောင်ဟာ ညတိုင်းထိုသို့ပြောနေသော်ငြားကြာညိုကတော့စကားလွှဲစမြဲပင်။မလွှဲလို့ကမဖြစ် မောင်အလုပ်သွား ၊စာရင်းစစ်လျှင်
ကြာညိုကပဲ သားလေးကိုထိန်းရသည်။ဒေါ်လေးသည်လည်း သူ့အလုပ်နှင့်သူ ရည်းစားရှာရသေးသည်။"မောင်။အိပ်ပြီလား။"
"..............."
"ကြာညို့ကိုဖက်ထားဦးလေ။"
"ကြာညိုချမ်းနေပြီနော်။""မောင်...လို့။"
အသံကိုမနည်းပင်နုယွလျက် ခေါ်မှသာ သူ့ဘက်လှည့်လာသည်။ကြာညို့အား ရင်ခွင်ထဲထည့်လျက် နှဖူးအားတစ်ချက်နမ်းသည်။
"မောင့်လက်ကဘယ်ကိုရောက်လာတာလဲ။"
"အင်္ကျီ ကြယ်သီးတပ်နေတာပါ။"
"အခုရော တပ်တုန်းလား။"
"တပ်တုန်း။"
မောင်ဟာမဆီမဆိုင်လိမ်ညာနေပြန်သည်။မောင့်လက်တစ်ဖက်ဟာ အင်္ကျီအောက်မှလျှိုဝင်လာသည့်အခါ ကြာညို့ မျက်နှာကလေးရဲတက်လာသည်။အရှက်ပိုနေသည့်မျက်နှာအား မောင့် ရင်ခွင်ထဲဖွက်ထားလိုက်သည်။
"အဟင့်.....ဟင့်.......အီး.......။"
"ဟမ်။"
"သားလေးငိုနေတာ။ နို့ဘူးသွားဖျော်ပေးအဦးမောင် နော်။"
"အမ်အင်းအင်း။မောင်သွားဖျော်ပေးမယ်။"
မောင်ဟာမျက်စိပျက်မျက်နှာပျက်ဖြင့် ကုတင်ပေါ်မှဆင်းသွားသည်။ကြာညို့ခမျာရယ်ချင်စိတ်ကိုအောင့်လျက် သားလေးအားချော့မြူရသည်။
"သားသားရေ......သားသားလေးငိုရင်မေမေကရင်ထဲမကောင်းဘူးလို့။"
"တိတ်ပါတော့ကွယ်.....သားသားမကြောက်ဘူးလား။ညဘက်ကလေးတွေငိုရင် ကျားကြီးက အိမ်ထဲထိလာကိုက်တာတဲ့နော်။"
ပေါက်ကရလေးဆယ် လျှောက်ပြောသော်ငြားသားငယ်ကလေးဟာ ငြိမ်နေလျက် ကြာညို့စကားနားထောင်ရှာသည်။မျက်လုံးဝိုင်းဝိုင်းကလေး၊ နှာခေါင်းသေးသေးကလေး၊နှုတ်ခမ်းသေးသေးကလေး လက်ညှိုးကလေးဖြင့်တို့ထိလျက် ကြာညို့မှာအသဲယား၍မဆုံး။

YOU ARE READING
အင်းရေပြင်ကမောင့်ကြာညို
Romanceဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။