မီးရောင်ပြပြကလေးဖြင့်အိမ်အထဲပြန်ဝင်လာကြကာ တစ်ညတာကိုကုန်ဆုံးကြရသည်။ကြောက်စိတ်ကတော့အခုမှပျောက်ပြယ်သွားသလို ပေါ့ပါးနေခဲ့သည်။
မနက်စောစော နေ၏အလင်းရောင်က သူတို့အားလုံးမျက်နှာပေါ်သို့ကျလာခဲ့သည်။
"ဒီလိုအိမ်ကြီးမှာဘာကိစ္စနေထိုးနေရတာလဲကွာ။"
စိတ်ဆတ်ဆတ်နှင့်ထထိုင်မိကာမှ သူကိုယ်တိုင်ပါးစပ်အဟောင်းသားဖြစ်ရသည်။
"ဒေါ်..ဒေါ်လေး။"
"ကြာညို။"
"ခဏ ခဏလောက်ထကြပါဦး။"
"ဟင်း ဘာလဲဟယ် အိပ်ကောင်းနေတာကို။"
ဒေါ်လေးဟာအိပ်ချင်မူးတူးဖြင့် အော်လာသည့်အခါ သူ့မှာမယုံနိုင်ဖြစ်ရသည်။
"အိမ်က အိမ်ကမောင်တို့ထင်ထားသလိုမဟုတ်ပဲ စုတ်ပျက်သတ်နေတာပဲ မောင်တို့ညကဒီမှာအိပ်ခဲ့တာလား။"
သူ့အမေးကြောင့်အကုန်လုံးဟာအိပ်မှုန်စုပ်ဖွားဖြင့်ထထိုင်လာကြသည်။ကြာညိုသည်လည်းအခုမှနိုးသည့်ဟန်။ဟိုသရဲမကတော့မနက်ခင်းမလို့ကိုယ်ထည်မှိန်ပြပြသာ။
"ဟဲ့"
"ညက ညကဒီမှာအိပ်ကြတာလားမောင်
ကြာညိုတို့က။"
တကယ့်အင်းသူဌေး၏အိမ်ဟာ သူတို့၏အရှေ့ လေးငါးအိမ်ခန့်အကွာအဝေး လောက်မှာရှိသည် သို့ပေမယ့် အလောင်းသည်လည်းဒီမှာရှိသည်။ရောက်နေသည်ကတော့အိမ်မဟုတ်။ ဟောင်းနွမ်းလှသော ပျဉ်ထောင်အိမ်အစုတ်သာသာ။
"မောင်သိပြီ သိပြီ ပထမနေ့က မောင်တို့လာတော့ မီးရောင်မြင်ရပေမယ့် အင်းစောင့်ကြောင့် ဒီကိုမရောက်လိုက်ဘူး အခုညကျတော့ ဒီကိုရောက်ခဲ့တယ် အမှောင်ထဲမှာ မောင်တို့ကိုလှည့်ထားတာပဲ သူတို့အကူအညီတောင်းချင်လို့ ဒီကိုခေါ်ခဲ့တာ။"
"မသိတော့ပါဘူးဟယ် အလောင်းကလည်းဒီမှာ။ "
"သွားနင်အိမ်ပြန်လိုက် ပြီးရင် ရဲခေါ်ပြီးဘုန်းဘုန်းကိုပါပင့်ခဲ့ ငါတို့ဒီမှာစောင့်မယ် ဒီကိစ္စကထင်ထားတာထက်ရှုပ်တယ် နားကိုမလည်ဘူး။"
ESTÁS LEYENDO
အင်းရေပြင်ကမောင့်ကြာညို
Romanceဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။
