"နင့်မျက်နှာကဘာကိစ္စဆူပုတ်နေတာလဲ ဒီကိုမလာချင်တာလည်းနင်ပဲ...အခုပြန်ရတော့လည်းမျက်နှာက ခုနှစ်ခေါက်ချိုး၊ရှစ်ခေါက်ချိုးနဲ့။"
"ဒေါ်လေးမသိပါဘူး။"
"ငါကအသက်လေးဆယ် ကျော်နေပေမယ့် အင်တာနစ်ရှင်နယ်လေးဆယ်ကျော်ဟဲ့ ငါမသိတာဘာမှမရှိဘူး ပြောဘာဖြစ်တာလဲ။"
ကားပေါ်မှဒေါ်လေးဟာ ထိုင်နေရင်းပင် သူ့ဘေးလှည့်ကိုထိုင်လာသည်။သိပ်ကိုစပ်စုချင်
သည့်ဟန်။
"ရန်ကုန်ကရုံးခွဲကို အင်းလေးကိုပြောင်းချင်တယ်။"
"နင်ပဲ အင်းလေးကိုမကြိုက်ဘူး တောကျတယ်ဆို...အခုဘာဖြစ်ရပြန်တာလဲ။"
"အဲ့ဒီ့အချိန်ကအင်းလေးကိုမရောက်ဖူးလို့နေမှာပေါ့။"
ဒေါ်လေးကိုဘုကလန့်ဖြေကာ မျက်ခွံများအားပိတ်ချလိုက်သည်။သူအမြန်ဆုံးအင်းလေးရောက်အောင်ပြောင်းချင်သည်။ရှမ်းပြည်နယ်တောင်တခြားနေရာမနေချင် အင်းလေးမှအင်းလေးဖြစ်ခဲ့ပြီ။
ရန်ကုန်ပြန်ရောက်သည်နှင့်အင်းလေးသို့ပြောင်းရန် ရုံးခွဲအတွက်စီစဉ်သည်။အချမ်းသာကြီးမဟုတ်ပါပဲ သူ့ဟာနှင့်သူပြေလည်လှသည်မလို့ အများကြီးပူပင်စရာတော့မရှိ။ရယ်ဒီမိတ် စားသောက်ကုန် စက်ရုံအသေးစားကလေးဖြစ်သဖြင့် နိုင်ငံခြား သွားသူများအတွက်အဆင်ပြေသည်။နယ်ခြားမြေခြားမှာ ဒီကအစားအသောက်ကလည်းရှားလှသည်။
လအနည်းငယ်ကြာပြီးနောက် ရုံးခွဲသစ်အတွက် စီစဉ်လို့ပြီးသည်။အင်းလေးမှာတော့ သူ့အတွက် အိမ်တစ်လုံးဝယ်ရန်စဉ်းစားထားသည်။တိုက်ခန်းတွေနဲ့လည်းမနေချင်မွန်းကြပ်လှသည်။
"ဟဲ့ သွားတော့မှာလား။"
"အင်းလေ ဒေါ်လေးက ခရီးဆောင်အိတ်နဲ့ဘယ်သွားမလို့လဲ။"
"ငါလည်းနင်နဲ့လိုက်မလို့လေ။"
"ဟမ်။"
"ဟဲ့ ဆွေမျိုးရယ်လို့ ငါတို့နှစ်ယောက်ပဲရှိတာနင်ကငါ့ကိုထားခဲ့မလို့လား အတ္တမောင်။ "
".............."
"အမလေးလေ...တူမလေးတစ်ယောက်ရှိပါတယ် အဒေါ်အရင်းခေါက်ခေါက်ကိုတစ်ယောက်ထဲ ထားခဲ့မလို့တဲ့ အရပ်ကတို့ရေ။"
BẠN ĐANG ĐỌC
အင်းရေပြင်ကမောင့်ကြာညို
Lãng mạnဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။
