"မောင့်!"
လျှပ်တစ်ပြတ်ဆန်ဆန်ပင်လူအများ၏
အာမေဍိတ်သံကထွက်လာခဲ့သည်။
တဆက်တည်း မောင့်လက်ထဲမှ ရီမုဟာ တရားသံဘက်လိုင်းသို့အပြောင်းမှန်သွားခဲ့သလိုပြေးလာသည့်အရာဟာလည်း အနားကပ်လို့မရချေ။
ထို့ကြောင့်နားနှစ်ဖက်ကိုလက်ဖြင့်အုပ်ကာအော်ဟစ်ပြန်သည်။မူယာမာယာများလိုက်ပုံများ ပြီးလျှင်သူကပဲ လိုက်သတ်ချင်ဦးမည်။
"ပိတ် ပိတ်လိုက် ပူတယ် ပူတယ် အားးးပူတယ်"
"တော်ပါတော့ ငါအရမ်းပူတယ် "
"မပိတ်နိုင်ဘူး"
ဟုဆိုကာ လက်ထဲက ရီမုဖြင့်အသံကုန်တင်၍ ဆင်ပြေတပြေထိုင်ကြည့်နေခဲ့သည်။မကြည့်လို့လည်းမရ တစ်မနက်လုံးထိပ်လန့်နေရတာ။ လူတွေကဖြင့်မျက်နှာတောင်မသစ်ရသေး။
"ပိတ်လိုက်လို့ပြောနေတယ်နော်!!!!!"
"မပိတ်နိုင်ဘူး။"
"ဟင်းဟင်း"
မျက်ထောင့်နီနီဖြင့်စိုက်ကြည့်ကာ ဒေါသပုန်ထလျက်တဖန်ထပ်ပျောက်ကွယ်သွားသည်။ဒီတခါတော့ လူတိုင်းကအထာနပ်ချေပြီ။တီဗီရှေ့၌ပင်ငုပ်တုပ်ထိုင်လျက် အပေါ်ထပ်အထိလည်းသူတို့မတက်ရဲ။တရားသံကိုသာ အဆုံးထိတင်လျက် တရားမပြီးခင်ပြောင်းဖို့ တရားခွေရှာတဲ့လူကရှာနှင့် အကြောက်အကန်ဖြစ်နေသည်။
"တစ်မနက်လုံးပြေးရလွှားရနဲ့ ဗိုက်ဆာလို့သေတော့မှာပဲဟယ်။"
"ကြာညို ဗိုက်ဆာပြီလား မောင်ဘာယူပေးရမလဲ။"
"အမ်း..မလေး အရေးထဲ အဲ့ပုတီးကိုငါယူပေးတာပါနော် ငါ့ဖို့ပါယူခဲ့ "
မောင်ဟာ မောမောနှင့်ပင် ဒေါ်လေးအားမျက်စောင်းပစ်လျက်အမောဖြေနေသည်။မောင့်နားထင်၌ ချွေးစက်အချို့ကျနေသော်ငြားမောင်ဟာကြည့်ကောင်းနေဆဲပင်။
"အစ်ကိုတို့ ပြန်မှာလား အားတော့နာပါတယ် မနေရဲဘူးမလား။"
အခွေရှာနေသည့်လူတစ်စုအား လှည့်၍မေးမိသည့်အခါ မျက်နှာငယ်လေးများဖြင့်တဖန်ပြန်ကြည့်နေပြန်သည်။
"ပြန်ချင်ရင်ပြန်ကြလေ အထုပ်တွေတော့ထားခဲ့ပေါ့ ယူမှမရပဲ မောင်ကားခပေးလိုက်မယ်။"
ESTÁS LEYENDO
အင်းရေပြင်ကမောင့်ကြာညို
Romanceဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။
