"ကြာညိုမောင့်ကို အ....."
"ခဏနော်မောင်။"
"ကြာညို့ကို မောင်ပြောထားတာလေ။"
"ပန်းကန်ဆေးရဦးမယ်မောင်"
"ကြာညို"
"ကြာညို"
တစ်မနက်လုံး၊တစ်ညနေခင်းလုံး၊တစ်ညလုံးရှောင်နေတာကပြီးဦးမှာလားမောင့်ကြာညို။
"ဒီနေ့ကြက်သားရယ် ဆီရယ်ဝယ်ရဦးမယ်နော်သမီး။"
"ဟုတ်ဒေါ်လေး ဟို မနေ့က ကြက်သွန်လည်းကုန်တော့မယ်။"
"ဟယ် ဒေါ်လေးမေ့နေတာ ဟုတ်ပါ့ကြက်သွန်ဝယ်ရမှာ။"
စကားတပြောပြောနှင့်တူရီးနှစ်ယောက်ထွက်လာတာတောင်သူ့ကိုမမြင်။ကြာညို့ခမျာလည်းဂါဝန်ကတိုနံ့နံ့နှင့်။သူလမ်းလျှောက်နေရင်းအပြေးတပိုင်းပင် ကုလားထိုင်မှာဝင်ထိုင်လိုက်သည်။အနားကစာအုပ်ကတော့ဟန်ပြပေါ့။
"အဟမ်း ဒါကဘယ်လဲ။"
"ဘယ်သွားသွားပေါ့ လာပြီးဟိန်းလားဟောက်လားနဲ့။"
ဒေါ်လေးဟာသူအမေးထက်အသံပြဲနှင့်ပြန်ဟောက်လိုက်သဖြင့် ကြာညို့ဘက်သို့လှည့်သွားရသည်။မနိုင်ရာမဲပေါ့လေ။
"ကြာညိုကရော ဂါဝန်ကဘာလို့ အဲ့ဒီ့လောက်တိုနေတာလဲ။ အကုန်ပေါ်တော့မယ်။"
"ဟဲ့!ငါဝယ်ပေးထားတာ နင်ကဘာဖြစ်ချင်လို့လဲ ဒီအရွယ်ဒီလိုဝတ်နေကြပဲကို။"
"မောင်မကြိုက်ပါဘူး အဲ့လိုတွေ တိုနံ့နံ့ကို။"
"နင့်လက်ထဲကစာအုပ်ကိုအရင်တည့်အောင်ကိုင် ပြီးမှပြော။"
"ဟာ ဒေါ်လေးကဘာလို့ ကြာညို့အစားလိုက်ဖြေနေတာလဲ မောင်မေးတာကြာညို့ကိုလေ။"
"မမေးနဲ့ အိမ်စောင့်တော့ ငါတို့ဈေးသွားပြီ လာ သမီး။"
ကြာညို့အားလက်ဆွဲကာ သွားတော့မည်အပြု....ဒီလိုတော့ဘယ်ရပါ့မလဲ။မောင်ဟာအချဉ်မဟုတ်။
"မောင်ဝယ်ပေးမယ် ကြာညို့ကိုထားခဲ့။"
"ရှင်။"
"ကဲပါဟယ် ငါတို့ဈေးသွားမလို့ကိုမနှောင့်ယှက်စမ်းပါနဲ့ ဈေးကွဲရင်ဘာမှကျန်မှာမဟုတ်တော့ဘူး။"
ESTÁS LEYENDO
အင်းရေပြင်ကမောင့်ကြာညို
Romanceဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။
