"သား။မင်း ဖွားလေးကိုသွားခေါ်။မာမီစောင့်နေတာကြာပြီလို့။"
"ရက်ခ်ျ မာမီ။"
ဟုတ် အစား ရက်ခ်ျဟုပြောကာ လှုပ်တုပ် လှုပ်တုပ်နှင့်သူ့ဖွားလေးအခန်းထဲဝင်သွားသည်။တကယ်ကိုပဲ ဒေါ်လေးက သိပ်ကြာလွန်းသည်။မလိုက်ပါနဲ့ဟုပြောလျှင်လည်းမရ၊အတင်းပင်နေရာတကာပါသည်။
"မောင်နော် ဘာတွေးနေလဲသိတယ်။ဒေါ်လေးလိုက်ချင်တာကို လိုက်ပါစေ မောင်ရဲ့။"
"မောင်ကမလိုက်ခိုင်းတာမှမဟုတ်ပဲကွာ။သူကိုကအဲ့အလှတွေပြင်နေတာ။အသက်လည်းကြီးနေပြီကို။"
"အဲ့အပြင်ကနေငါ့အတင်းတုပ်နေပြန်ပြီလား။"
အခန်းအတွင်းမှဒေါ်လေး၏အသံကကျယ်လောင်စွာထွက်လာသည့်အခါ မောင်ကမျက်စောင်းထိုးလိုက်သည်။သားရဲ့ ပထမဆုံး မူကြိုစတက်သည့်နေ့ကို ဒေါ်လေးပါလိုက်မှာမလို့ ကြာညိုတို့ခမျာ စိတ်ရှည်စွာနှင့်စောင့်နေရသည်။ပါးဖောင်းဖောင်း လုံးလုံးကစ်ကစ်လေးနှင့်သားဟာ ယနေ့မှပိုချစ်စရာကောင်းနေသည့်ဟန်။
"မေမေယေး!!! ပိုးအပ် ပိုးအပ်!!!!။"
အသံစူးစူးဖြင့်ကုန်းအော်ရင်း ဒေါ်လေးအခန်းမှထွက်ပြေးလာသည်။မောင်ဟာ သားလေးအားကုန်းချီရင်း ပိုးဟတ်ကိုလိုက်ရှာနေသည်။ရှာရသည့်အကြောင်းကား ကြာညိုကပါပိုးဟတ်ကြောက်၍ပင်။
"တော်တော်ကိုမျက်စိနောက်စရာဖန်မလီပဲနင်တို့က။ငါ့ရှေ့ဆိုစပ်စလူးကိုခါနေတာပဲ။"
"ဘာတုန်း။ပိုးဟတ်တွေ့လို့လေ။"
"ရိုက်သတ်လိုက်။သွားမယ် လာ။"
စလင်းဘတ်အိတ်ကိုလက်မှာချိတ်ရင်းကော့တော့ကော့တော့နှင့်ရှေ့ကထွက်သွားသည်။ပြင်ထားဆင်ထားသည်ကလည်းမနည်းမနောပင်။မူကြိုနဲ့ ဘွဲ့ယူတာများမှားနေသလားအောက်မေ့ရသည်။
မူကြိုပထမဆုံးတက်သည့်နေ့မလို့သဲသဲကဲကဲမိဘများကိုအများဆုံးတွေ့ရသည်။ထိုအထဲဒေါ်လေးကထိပ်ဆုံးပင်။မငိုသည့်ကလေးကို မငိုရဘူးနော် ဟုထပ်တလဲလဲမှာရင်းစိတ်မချဖြစ်နေသည်။
YOU ARE READING
အင်းရေပြင်ကမောင့်ကြာညို
Romanceဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။